ဒါန စသော ပါရမီ (၁၀)ပါးကို -
(က) ရိုးရိုးဖြည့်ကျင့်လျှင် ပါရမီ ဟုခေါ်၏။
(ခ) ကိုယ်လက်အင်္ဂါစွန့်၍ ဖြည့်ကျင့်လျှင် ဥပပါရမီ ဟုခေါ်၏။
(ဂ) အသက်ကိုစွန့်၍ ဖြည့်ကျင့်လျှင်မူ ပရမတ္ထပါရမီ ဟုခေါ်၏။
ပါရမီတစ်ပါးတစ်ပါးလျှင် အနုအရင့်ဖြည့်ကျင့်ပုံ သုံးမျိုးစီကွဲပြားသဖြင့် “ပါရမီ ၁၀-ပါး၊ အပြား-၃၀” ဟုခေါ်ရသည်။ ဘုရားအလောင်းတော်သည် ထိုပါရမီ ၁၀-ပါး၊ အပြား-၃၀ တို့ကို လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းကြာအောင် ဖြည့်ကျင့်တော်မူခဲ့ရာ ဝေဿန္တရာမင်းဘ၀၌ ပါရမီတော်အားလုံး ပြီးပြည့်စုံခဲ့လေပြီ။
မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေံခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။
မေတ္တာပါရမီ၊ ဥပက္ခာပါရမီ တို့ကို ဥပပါရမီ၊ ပရမတ္ထပါရမီ မြောက်အောင် ဘယ်လို ဖြည့်ရသလဲ... ဘယ်ဇာတ်တော်တွေမှာ ဖြည့်ခဲ့သလဲ.. သိချင်ပါတယ်.. စာအုပ်ရှိရင်လည်း ညွှန်ပေးစေချင်ပါတယ်..
ReplyDelete