အမေး။ ။ ကိုယ့်ဆီကို သူရောက်လာပေမဲ့ သူ့ကို ဘေးကလူတွေက ဘာလို့မမြင်ရတာလဲ...
အဖြေ။ ။လေ
အမေး။ ။ဓားသွားတွေကြား အလျားမှောက် နောက်ဆုတ်တဲ့အခါ ချောင်းထဲမှာ...(သင့်ရဲ့ကိုယ်မှာ ပြန်ကြည့်ပါ။)
အဖြေ။ ။သွားနဲ့လျှာ
အမေ။ ။သူဟာ ကိုယ့်အချစ်ကို တစ်ခါတစ်ခါ လက်မခံတာ ဘာဖြစ်နေလို့လဲ...
အဖြေ။ ။ဂတ်ကုန်နေတဲ့မီးခြစ် ဖြစ်နေလို့
အမေး။ ။အသီးတွေအထဲမှာ ငါသာအမြတ်ဆုံးလို့ ပြောတဲ့ အသီးအမည်က..
အဖြေ။ ။ငှက်ပျောသီး
အမေး။ ။အိပ်တော့မယ်ဆို ခြေလက်တွေကို တွဲလွဲခို မှောင်မိုက်ထဲက လေးထောင့်ကိုယ်...
အဖြေ။ ။ခြင်ထောင်
အမေး။ ။ကိုယ်ရထားတဲ့အရာကို သူတစ်ပါးကို တရားဝင် ပြန်ပေးလို့မရတာ ဘာလဲ...
အဖြေ။ ။အတန်းအောင်လက်မှတ်
အမေး။ ။ကိုယ့်ကို သူပေး သူ့ကို ကိုပေး အလယ်ကလူ ရင်မအေး...
အဖြေ။ ။သစ်ဖြတ်တဲ့လွှ
အမေး။ ။ဝမ်းဗိုက်ကစားလျက် ကျောဘက်က အန်ထွက်သူ လက်သမားဆရာနဲ့သူ...
အဖြေ။ ။ရွှေဘော်(လက်သမားသုံး)
အမေး။ ။လူစီးပြီး ခရီးသွားလို့ ရတယ်ဆိုတဲ့ အသီးရဲ့အမည်...
အဖြေ။ ။သင်္ဘောသီး
အမေး။ ။လူတွေ ချီးမွမ်းတဲ့ ငှက်အမည်...
အဖြေ။ ။ငှက်တော်
အမေး။ ။ရေထဲနေတက် ကုန်းမှာလဲနေတက် ခရီးသွားတော့ ကန့်လန့်ဖြတ်...
အဖြေ။ ။ဂဏန်း
အမေး။ ။ပန်းပန်လိုပ အလှဆင် ရေမှာပျော်တဲ့ အပင်...
အဖြေ။ ။ဗေဒါပင်
အမေး။ ။နှစ်ဦးနှစ်ဝ တွေ့ဆုံကြ သူကမသိ ကိုယ်ကသိ...
အဖြေ။ ။အိပ်မက်
အမေး။ ။သူမပြလျှင် မမြင်ရ သူပြလျှင် အထင်ကရ...
အဖြေ။ ။မျက်မှန်
အမေး။ ။တွေ့နေမြင်နေပြီး စားလို့မရတဲ့အသား...(သစ်သားမဟုတ်ပါ)
အဖြေ။ ။မိုးသား
အမေး။ ။ခေါက်တုန့်ခေါက်ပြန် ဘယ်လောက်သွားသွား ဘယ်ကိုမှ ရွေ့လျားမသွားတာ ဘာလဲ...
အဖြေ။ ။ပုခက်ထဲကကလေးငယ်
အမေး။ ။ပါးရိုက်နားရိုက်ပြီး ကောင်းချီးပေးရတဲ့ ပစ္စည်း
အဖြေ။ ။ ကြေးစည်
အမေး။ ။သူ့နာမည်ကြားတာနဲ့ စားချင်လာတယ်။ စက်ပစ္စည်းမို့ အခက်ဖြစ်ရတဲ့ အမည်ဟာ ဘာလဲ...
အဖြေ။ ။ဝက်အူ
အမေး။ ။သူ့ရင်ထဲက အပူကို မျှဝေပေးတဲ့ ပစ္စည်းဟာ ဘာလဲ...
အဖြေ။ ။ရေနွေးအိုး
အမေး။ ။အမေက နားရွက်နှစ်ဖက်ကိုဆွဲတော့ တွဲလွဲခိုလိုက်တဲ့ ပစ္စည်း...
အဖြေ။ ။ဒယ်အိုး
အမေး။ ။သူ့ဝမ်းထဲမှာ ပညာအပြည့် နေ့တိုင်းကျောင်းကိုရွေ့ အဲ့ဒါဘာလဲ...
အဖြေ။ ။လွယ်အိတ်
အမေး။ ။ကားတွေ လူတွေ သူကူညီ လမ်းမပေါ်မှာ သူရပ်တည်...
အဖြေ။ ။မီးပွိုင့်
အမေး။ ။ကျောပေါ်တင်လို့ ကြိုးနဲ့သိုင်း သခင်လိုရာ စေလို့ခိုင်း လုပ်မြဲတိုင်း...
အဖြေ။ ။ဖိနပ်
အမေး။ ။ခြေတစ်ချောင်းကန် မိုးသို့ပျံ တိမ်ယံတွေကြား လေမင်းသား...
အဖြေ။ ။စွန်
အမေး။ ။တိရစ္ဆာန်နှစ်ကောင် အမည်အပေါ် ဘေးရန်ကင်းဖို့ လူတွေနင်းတာ ဘာလဲ...
အဖြေ။ ။မြင်းကျား
အမေး။ ။မိုးကိုခြေကန် ပက်လက်လှန် ခြေတံရှည်နဲ့ ပိုက်ကိုနင်းတဲ့ သတ္တ၀ါဟာ ဘာလဲ...
အဖြေ။ ။ပင့်ကူ
အမေး။ ။သူပြောစကား မကြားရ သူမြင်ရုံနဲ့ တို့သိရတာ ဘာလဲ...
အဖြေ။ ။စာအုပ်
အမေး။ ။ကိုယ်ကိုထီးဆောင်း ဦးခေါင်းကရေငုပ် အမွှေးစုပ်စုပ်နဲ့ အပင်ဟာ ဘာလဲ...
အဖြေ။ ။ဗေဒါ
အမေး။ ။မအိပ်လျှင် ခွေခွေ၊ အိပ်လျှင် ကြေကြေ တို့အိမ်မှာနေ အဲ့ဒါဘာလဲ...
အဖြေ။ ။ဖျာ
အမေး။ ။အသည်တော့အသည်ပဲ ၀ယ်လို့မရတဲ့ အသည်ဟာ ဘာအသည်လဲ...
အဖြေ။ ။အနှိပ်သည်
အမေး။ ။နိုင်ငံခြား သုံးစွဲငွေတစ်ခု၏ အမည်နဲ့ မှည့်ခေါ်ထားတဲ့ ငါးအမည်...
အဖြေ။ ။ငါးဘတ်
အမေး။ ။အပြင်ဘက်က ကြည့်လို့ မှည့်မှန်းမသိတဲ့ အတွင်းကနီရဲနေတဲ့ အသီးဟာ ဘာအသီးလဲ...
အဖြေ။ ။ဖရဲသီး
အမေး။ ။နာမည်လေး သိမ်မွေ့သလောက် ကြောက်စရာ ကောင်းတဲ့ယာဉ်ဟာ ဘာယာဉ်လဲ...
အဖြေ။ ။နိဗ္ဗာန်ယာဉ်
အမေး။ ။လယ်ယာသုံး တိရစ္ဆာန်တစ်ကောင် အမည်နဲ့ မှည့်ခေါ်ထားတဲ့ အသီးဟာ ဘာလဲ...
အဖြေ။ ။ကျွဲကောသီး
အမေး။ ။သူ့နာမည်ကိုက စားလို့ရနေတဲ့အသားဟာ ဘာအသားလဲ...
အဖြေ။ ။ကြက်သား
အမေး။ ။မျက်စိမမြင်ရသူဟု စွပ်စွဲခံထားရတဲ့ သတ္တ၀ါ အမည်က ဘာလဲ...
အဖြေ။ ။ကျီးကန်း
အမေး။ ။မချိုတဲ့ အရသာတစ်ခုနဲ့ မှည့်ခေါ်ထားတဲ့ သတ္တ၀ါတစ်ကောင်ရဲ့ အမည်ဟာ ဘာလဲ...
အဖြေ။ ။ခါချဉ်
အမေး။ ။ကြက်မကြီးက ကြက်ကလေးတွေကို ဘာဖြစ်လို့ အစာရှာ ကျွေးရတာလဲ...
အဖြေ။ ။နို့မရှိလို့
No comments:
Post a Comment