Friday, 24 July 2009

“သော်တာလရိပ်”

လမိုက်ည၀ယ်၊ လမ်းတာ ကွယ်ခိုက်

ရင်ဝယ် နွမ်းလျ၊ ဆိုမြည်တ လည်း

ရွှန်းမြစန္ဒာ၊ ဘယ်ဆီမှာ။


ခရီးကန္တာ၊ ချွေးစက်ဖြာစဉ်

ဆာပူ နွမ်းလျ၊ ငိုမြတ်တ လည်း

စမ်းမြသီတာ၊ ဘယ်ဆီမှာ။


တံလျှပ်ပြောင်ပြောင်း၊ လွင်တီခေါင်မှာ

နေလောင်နွမ်းလျ၊ အော်မြည်ကလည်း

ရိပ်မြ ဝေဆာ၊ ဘယ်ဆီမှာ။


သစ်ရိပ်ဝါးရိပ်၊ ချွေးများတိတ်၏

လ၀န်းအရိပ်၊ လောကအိပ်၏

မိဘအရိပ်၊ သောကဆိတ်၏

လူသားအရိပ်

စိတ်သာပဓာန အဓိက။


လောက အငူ၊ သောက မြူနှင့်

လူမှု ဘ၀၊ လှိုင်းထန်ကြွလျက်

ဒုက္ခနှောင်ပြွမ်း၊ လှိုက်ဆူနွမ်းချိန်

ရည်မှန်း တသ၊ ထို ခဏတည့်

ယူယ ကြင်နာ၊ သူရောက်လာသည်

မေတ္တာပြုံးဝေ၊ ချစ်မေမေ။


No comments:

Post a Comment