Thursday, 27 August 2009

တစ်နေ့ တာ အတွက် ပြင်ဆင်ပါ

နေ့ တစ်နေ့ ရဲ့ မနက်မှာ မျက်စိတွေကို ဖွင့်ကြည့်လိုက်တဲ့အခါမှာ ဘယ်လို ခံစားရလဲ။

သန်းသလား? ခန္ဓာကိုယ်ကို ဆန့် သလား? ခြေချောင်းလေးတွေကို တွန့် လိမ်လား? ပျော်ရွှင် လန်းဆန်းတဲ့ ခံစားမှုကို ရရှိလား? ခြုံထားတဲ့ ဂွမ်းကပ်ကို ဦးခေါင်းပေါ်ကို ပြန်ဆွဲ ချင်လား? အဲဒီ ဂွမ်းကပ်ကို ကမ္ဘာလုံးကြီးနဲ့ 

ဝေးတဲ့ နေရာမှာ ၀ှက်ထားချင်လား?

နောက်ဆုံး မိနစ်အထိ အိပ်မဲ့အစား မင်းကိုယ်မင်း နောက်နေ့ အတွက် ကာယနဲ့  စိတ္တ ပြင် ဆင်ထားဖို့  အချိန် လုံလုံ လောက်လောက် ဖယ်ထားပါ။ အဲဒီလို လုပ်ခြင်းဟာ မင်းကို နောက်တစ်နေ့  အပြုသဘော

စိတ်ကောင်း ၀င်တဲ့ ဘောင်ထဲ ရောက်သွားဖို့  အတွက် အထောက်အကူ ပြုမှာ ဖြစ်ပြီး ပိုမို ပျော်ရွှင်ပြီး စိတ်ဖိစီးမှု ကင်းဝေးတဲ့ ဘ၀ပုံစံစတိုင် (Life Style) တစ်ခု ရရှိအောင် လမ်းခင်းပေးလိမ့်မယ်။

အစကောင်းတစ်ခု ရယူချင်ရင် လျှို့ ဝှက်ချက်က မနက်ခင်းမှာ ပထမဆုံး ကိစ္စ တစ်ခုကို အလျင်စလို မလုပ်မိဖို့ ပါပဲ။ပုံမှန် ၁၀ မိနစ် reflexology လုပ်ဖို့  အေးအေးဆေးဆေး ရေပန်းနဲ့  ရေချိုးဖို့ နဲ့  နံနက်စာ အရသာ ခံစားဖို

့အတွက် ကိုယ့်ကိုကိုယ် အချိန်ပေးပါ။ အဲဒါတွေက မင်းရဲ့ ကိုယ်ကာယ ကြံ့ခိုင်ဖို့  စိတ်ကြည်လင်မှုတွေ နောက်နေ့ အတွက် ပြင် ဆင်ပေးမှာ ဖြစ်ပါတယ်။

မင်း အိပ်ရာက ထတဲ့အခါ မင်းရဲ့ ခန္ဓာကိုယ်ကို ဆန့် ထုတ်ပါ။ ခြေချောင်းလေးတွေကို အောက်ဘက် ဖိချပါ။ မင်းရဲ့ လက်မောင်းကို ဦးခေါင်းပေါ် မြှောက်ပါ။ လက်ကောက်ဝတ်နဲ့  ခြေကျင်းဝတ်တွေကို လှည့်ပေးပါ။

မေးရိုးကို အကြော လျှော့ထားပြီး ဖြည်းဖြည်းနဲ့  ပြင်း ပြင်း အသက်ရှု လေ့ကျင့်ခန်း လုပ်ပါ။ နှာခေါင်းကနေ အသက်ရှုသွင်းပြီး ပါးစပ်မှ ရှု ထုတ်ပါ။ ရင်ဘတ် ဖောင်းတာ ပိန်တာကို အာရုံစိုက်ထားပါ။ အသက်ပြင်း

ပြင်းရှုထုတ်ခြင်း ဟာ ခန္ဓာကိုယ် ကလပ်စည်းများ (cell) တိုင်း အတွက် လက်ဆောင်တစ်ခု ဖြစ်ပါတယ်။ အဲဒါဟာ သွေးလည်ပတ်မှု စနစ်နဲ့  ဦးနှောက် ကြွက်သားတွေကို အထောက်အကူ ပြုပါ တယ်။

အသက်ရှုထုတ်တာကို ဖြည်းဖြည်းနဲ့  ပြင်းပြင်းထန်ထန် လုပ်ရင် စိတ်ဖိစီးမှုနဲ့  စိုးရိမ် ကြောင့်ကျမှုတွေ ခံစားရတာ သိပ် ခက်ခဲသွားမှာပါ။ ပြင်းပြင်းနဲ့  သတိထားပြီး အသက်ရှုထုတ်ခြင်းဟာ နှလုံးခုန်နှုန်းကို နှေးစေပါတယ်။

စိုးရိမ် ပူပန်မှုကို လျော့ကျစေ ပါတယ်။ သွေးဖိအားကိုလည်း နိမ့်ကျ သွားစေပါတယ်။ အဲဒါက ခန္ဓာကိုယ်က စွန့် ပစ် ပစ္စည်း တွေ လောင်ကျွမ်းစေမှုကိုလည်း ကူညီပေးပါတယ်။ နောက်ပြီး ဦးနှောက်ထဲမှာ ရှိတဲ့ နာကျင်မှုကို

သက်သာစေတဲ့ ဒြပ်ပေါင်းကို ထွက်စေဖို့  အထောက်အကူ ပြုပါတယ်။ အဲဒီ ဒြပ်ပေါင်းဟာ ခန္ဓာကိုယ်ရဲ့ သဘာဝ အကိုက်အခဲ ပျောက်ဆေး ဖြစ်တယ်။ ထိန်းချုပ် ပေးပြီး မှန်မှန် အသက်ရှုမှု လုပ်ပေးခြင်းက မင်းကို

ကမ္ဘာလောကကြီးနဲ့  သဟဇာတ ဖြစ်အောင် လုပ်ပေးပါတယ်။ မိနစ် အနည်းငယ် ကြာပြီးနောက်မှာ ခုတင်နားမှာ မတ်တတ်ရပ်ပြီး ခြေ ချောင်းလေးများကို ထိထားပါ။ နောက်ပြီး တင်ပါးတွေကို လှည့် (rotate)

လုပ်ပေးပါ။ ရေပန်းနဲ့ ရေချိုးပါ။ ရေပန်းနဲ့  ရေချိုးခြင်းဟာ သွေးလည်ပတ်မှုကို ပိုပြီး အထောက်အကူ ပြုလို့  ပိုမို လန်းဆန်းစေပါတယ်။

No comments:

Post a Comment