Friday, 7 August 2009

"ကန်တော့မှုဆိုင်ရာ သာဓက၀တ္တုများ"

ကန်တော့၍အကျိုးရ(သောေ၇ယျသဌေးသား)
ကလေး ၂-ယောက်ဖခင် သောရေယျသဌေးသားသည် ရှင်မဟာကစ္စည်း မထေရဲ၏ လှပသော ရုပ်ဆင်းအဂ်ါကိုမြင်၍ “ငါမိန်းမဖြစ်လျှင် ကောင်းလေစွ”ဟု မနောကံဖြင့် ပြစ်မှားမိ၏၊ ထိုခဏ၌ ယောက်ျားအသွင်ပျောက်၍ မိန်းမအသွင်ပေါ်လာလေ၏၊ ရှက်သောကြောင့် နောက်သို့ပြန်မ သွားပဲ ခြေဦးတည့်ရာသို့ ထွက်သွားရာ တက္ကသိုလ်ပြည်မှ သဌေးသားတဦးနှင့် အိမ်ထောင်ကျ လေ၏၊ မိခင်ဘ၀ဖြင့် ကလေး ၂-ယောက်ရပြန်၏၊ နှစ်ကာလကြာသော် ဇာတိမြို့မှ ရောက်လာ သော ကုန်သည်မိတ်ဆွေ၏ အကြံပေးချက်အရ ရှင်မဟာကစ္စည်းထံ သွားရောက် ကန်တော့ ရာ ယောက်ျားဇာတိ ပြန်ပေါ်လာလေ၏။
(ဓမ္မပဒ၊ ဋ္ဌ၊ပ၊၂၁၇)

ပိတ်ချင်းသီး ကြွက်ချေးဖြစ်
ရာဇဂြိုလ်မှ ပိတ်ချင်းသီးရောင်းချသော ဒကာတဥိးကို ပိလိန္ဒ၀စ္ဆမထေရ်က “ဟဲ့သူယုတ် နင့်တောင်းထဲက ဘာတွေလဲ”ဟု မေးသည်တွင် စိတ်ဆိုးပြီး“ကြွက်ချေးတွေ”ဟု ပြန်ပြောသော ကြောင့် ပိတ်ချင်းသီးများ ကြွက်ချေးဖြစ်ကုန်လေ၏၊ မိတ်ဆွေတဦး၏ အကြံပေးချက်အရ မထေရ်ကြီးထံသွား၍ ၀န်ချကန်တော့ရန် စီမံလေ၏၊ “ဟဲ့ဒကာ ဘာတွေလဲ”ဟုမေးသည်တွင် “ပိတ်ချင်းသီးတွေပါဘုရား”ဟု လျှောက်ထားသည်နှင့်တပြိုင်နက် ကြွက်ချေးအားလုံး ပိတ်ချင်း သီးတွေ ပြန်ဖြစ်လေ၏။
(အံ၊ ဋ္ဌ၊ပ၊ ၂၁၇)

မကန်တော့၍မျောက်ဖြစ်
တနေ့သ၌ ဂိဇ္ဈကုဋိတောင်မှအဆင်း ချောက်တစ်ခုတွေ့၍ ခုန်ကူးမိသော ရှင်မဟာကစ္စည်း မထေရ်ကို ၀ဿကာရပုဏ္ဏားကြီးက မျောက်နှင့်တူသည်ဟု ကဲ့ရဲ့ပြစ်မှားလေ၏၊ မြတ်စွာဘုရား က “ကန်တော့လျှင်ကောင်းမည်၊ မကန်တော့လျှင် မျောက်ဖြစ်မည်”ဟု ဗျာဒိတ်စကား မိန့်ကြား သော်လည်း မာနဓာတ်ခံဖြင့် မကန်တော့ပဲနေ၍ သေသည့်အခါ ဝေဠုဝန်ဥယျာဉ်၌ မြင်းမြီးဆွဲ မျောက်ကြီးဖြစ်လေ၏။ ၀ဿကာရဟု အသံပြုလိုက်လျှင် ခေါ်သူ၏အနားသို့ ရောက်လာတတ် ၏။ အကြောင်းသိလူများက “အော်...ကျုပ်တို့အမတ်ချုပ်ကြီးက ဒီမှာရောက်နောတကိုး”ဟု ပြောသောအခါ လူ့ဘ၀တုံးက အဖြစ်အပျက်ကို သတိရပြီး ရှက်လှချေရဲ့ဆိုကာ သူ၏မျက်ခွက် ကိုလက်ဖြင့် ဖု့းအုပ်ထားသောဟူ၏။
(မ၊ ဋ္ဌ၊ ၄၊ နှာ၊ ၄၉)

ငါးပါးသီလဆိုင်ရာဝတ္တုများ
၁။ဆိတ်သတ်၍ င၇ဲကျ
ရှေးအခါက အိမ်ရှင်မတယောက်သည် မိမိအိမ်သို့အလည်လာသော မိတ်ဆွေအတွက် ချက်ပြုတ်ကျွေးမွေးရန် ဈေးသို့အမဲသား အ၀ယ်လွှတ်ရာ ၀ယ်မရသောကြောင့် အိမ်နောက်ဖေး ခြံထဲတွင် မွေးမြူထားသော သိုး(ဆိတ်)ကလေးတကောင်ကို သတ်လျက် ချက်ပြုတ်ကျွေးမွေး ၏။ထိုအကုသိုလ်ကံကြောင့် သေသောအခါ ဆိတ်မွေးနှင့်အမျှ ငရဲခံရလေ၏၊ ဆိတ်မွေးနှင့်အမျှ ဦးခေါင်းဖြတ်ခြင်းကို ခံရလေ၏၊ ထို့ကြောင့် သူတပါးတို့အား သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ရာ၏။
(ဓမ္မပဒ၊ ဌ၊ ပ၊ ၂၉၂)

၂။ဗြိတ္တာမများ
ရှေးအခါက ရာဇင်္ဂြိုလ်မြို့မှဈေးသည်မ လေးဦးတို့သည် မိမိတို့ ယောက်ျားများအတွက် အ လေးချိန်ခွင် စဉ်လဲခြင်းဖြင့် ခိုး၍ကျွေးမွေးပြုစုကြ၏၊ ပစ္စည်းများ စုဆောင်ပြီး အရွယ်ကောင်းတုံး မှာပင် သေကြ၍ အဒိန္နာဒါနကံကြောင့် ပြိတ္တာမများဖြစ်ကြရ၏၊ ၄င်းတို့ ကွယ်လွန်ပြီးနောက် မကြာမီမှာပင် ကျန်ရစ်သော ယောက်ျားတို့က နောက်မယားများယူကာ သူတို့ရှာဖွေစုဆောင်း ထားခဲ့သော ပစ္စည်းများဖြင့် အမြိန့်သား စည်စိမ်းခံစားကြေသည်ကို မြင်ရသဖြင့် အခံရခက်ကာ ညအခါတွင် ရာဇဂြိုလ်မြို့ရိုးပေါ်မှတက်၍ ဟစ်အော်ကြလေ၏။
(ပေတ၀တ္ထု၊ ဋ္ဌ၊၂၆၁)
ဂွေးအုထမ်းပြိတ္တာကြီး
ရှေးအခါက တရားသူကြီးတစ်ဦးသည် အမှုသည်များထံမှ တံစိုးလက်ဆောင် ယူရာတွင် ပုန်းလျှိုကွယ်လျှိုးယူ၍ တရားဆုံးဖြတ်လေ့ရှိ၏၊ လာဘ်ကိုငဲ့၍ အရူံးအနိုင် စီရင်လေ့ရှိ၏၊ အမှုသည်များကို မနိုင်ဝန်ထမ်းစေခြင်ဖြင့် ဒဏ်ခတ်လေ၏၊ အဒိန္နာဒါန်သက်ရောက်သော ထိုအကုသိုလ်ကံကြောင့် သေသောအခါ ငရဲ၌ နှစ်ပေါင်းများစွာ ခံရလေ၏၊ ငရဲမှလွတ်သော် ရာဇဂြိုလ်မြို့အနီး ၀ိဇ္ဈကုဋ်တောင်၌ဝှေးအု(ဂွေးအု)ထမ်းပြိတ္တာကြီး ဖြစ်ရလေ၏၊ ထိုင်သော အခါ ထိုဝှေးအုကြီးကို ဖင်ခုထိုင်ရလေ၏၊ သွားသောအခါ ထိုပြိတ္တာကောင်ကြီး၏ ပုခုံးပေါ်မှ ထမ်းသွား၇သော ဝှေးအုကြီးကို သိန်းစွန် ဠင်းတ ကျီးငှက်များက သံနှုတ်သီးဖြင့်ဝိုင်း၍ ထိုးဆိတ်သောကြောင့် နာကျင်သောဝေဒနာကို ခံစား၇လေ၏၊ ထို့ကြောင့် သူတပါး၏ပစ္စည်းကို မတရားနည်းဖြင့် ယူဆောင်ခြင်း၊ ခိုးဝှက်ခြင်း မပြုရာ။
(စတုတ္ထပါရာဇိကပါဠိ၊ ၁၄၆)

၃။ဒု-သ-န-သော
ရှေးအခါက သူဌေးသားလေးယောက်တို့သည် သူတပါး၏ သားသမီးများကို ဖျက်ဆီးကျူးလွန် ၍ သေသောအခါ လောဟကုမ္ဘီ(ကြေးနီငရဲအိုး)၌ ကျရောက်လေ၏၊ ကျိုက်ကျိုက်ဆူသော ဆားရေဖြင့် အမြှုပ်ထလျက် အနှစ် ၃-သောင်း ပတ်လုံးနစ်၍ အနှစ် ၃-သောင်းကြာမှ တခါပေါ် ပြန်၏၊ အထက်အောက် တကြိမ်လျှင် အနှစ် ၆-သောင်း ကြာညောင်း၏၊ င၇ဲအိုး မျက်နှာဝအပြင်သို့ ပေါ်လာသောအခါ ထိတ်လန်ံကြောက်ရွံ့ပြီး တဦးက (ဒု)၊ တဦးက (သ)၊ တဦးက(န)၊ တဦးက(သော) ဟူသော စကားတလုံးစီမျှကိုသာ ရွတ်နိုင်ကြလေ၏၊ အက္ခရာ လေးလုံး၏ အကျယ်ကို ပေဿနဒီကောသလမင်းကြီးအား မြတ်စါာဘုရားက ရှင်းပြ ထား လေသည်။
(စတုက္ကနိပါတ်၊ လောဟကုမ္ဘီဇာတ်၊ ဇာ၊ ဋ္ဌ၊ ၃၊ နှာ၊၄၁)

No comments:

Post a Comment