ဧည့်ခံပွဲ၊မွေးနေ့ ပါတီ၊ ညစာ စားပွဲ စတဲ့ ပွဲလမ်းသဘင်များမှာ လူအများက ဂရုပြုမိစေဖို့  ဘယ်လို ၀တ်စား ပြင်ဆင် သင့်ပါသလဲ။ ဘယ်လို Fashion Style မျိုးကို ရွေးသင့်သလဲ။ ဒီမေးခွန်းကတော့ အမြဲ ရှိနေတာပါပဲ။ Invitation Card တစ်ခုကို လက်ခံရရှိတာနဲ့  တပြိုင် နက်ထဲ အဲဒီ မေးခွန်းကို ကိုယ်တိုင် မေးမိကြမှာ အမှန်ပါပဲ။ ဘာကြောင့်လဲဆိုတော့ လိုက် ဖက်ညီတဲ့ ဖက်ရှင်တစ်ခု ဖြစ်ချင်စိတ် ရှိနေလို့ ပါပဲ။
ဧည့်ခံပွဲရဲ့ အမျိုးအစား၊ ကျင်းပမဲ့ နေရာ၊ အချိန် အဲဒါကို အရင်ဆုံး ရှာဖွေ ဖတ်ကြတယ်။ ဖိတ်စာကို ကိုယ့်လက်ထဲ ရောက်တဲ့ နေ့ နဲ့  ကြားမှာ ဘယ်နှစ်ရက် ကွာခြားသလဲ။ အဲဒါကို ချက်ချင်း သိအောင်လုပ်ကြတာပါပဲ။ ဒါတွေ သိပြီးရင် အဲဒီပွဲကို ဘယ်လို ဖက်ရှင်စတိုင်နဲ့  တက်ရောက်မလဲပေါ့။ ကိုယ်ဝတ်မဲ့ Dress ကို ရွေးရတော့မယ်။ ဧည့်ခံပွဲ တက်ရောက်လာ တဲ့ သူတွေထဲမှာ ကိုယ်က ထင်ထင်ရှားရှားလေးလည်း ဖြစ်ချင်တယ်။ ဆွဲဆောင်မှုလည်း ရှိချင်တယ် ဆိုတော့
ပထမဆုံး ဒီပွဲရဲ့ အနေအထားကို သိရမယ်။ လူငယ်တွေ လွတ်လပ်စွာ တွေ့ ဆုံကြတဲ့ ပွဲမျိုး လား။ မွေးနေ့  အမှတ်တရ တွေ့  ဆုံပွဲတွေ၊ ညစာ စားပွဲ စသဖြင့်ပေါ့။ အထက်လူကြီး အရာ ရှိတွေနဲ့  အတူ ကျင်းပတဲ့ပွဲ၊ ကုမ္ပဏီ အရာရှိတွေ ပါဝင်တဲ့ ပွဲမျိုးလား။ ကိုယ့်ရဲ့ အလုပ် အကိုင် အဆင့်အတန်းနဲ့  အညီ ရှိသင့်တဲ့ အခမ်းအနားမျိုး ဖြစ်နေသလား။ Staff Party လို အဆင်ပြေရာ နှစ်သက်သလို ၀တ်ဆင်တဲ့ ပါတီပွဲလား။ အဲဒါက သိပ်ကို အရေးကြီး ပါတယ်။
နောက်တစ်ခုက ကျင်းပတဲ့ အချိန် နေ့ လယ်ခင်းလား၊ ညဖက်လား၊ ဘယ်နေရာလဲ? Garden Party မျိုးလား။ Hotel ballroom တွေလား။ နေ့ နဲ့ ညရဲ့ ၀တ်ဆင်ရမဲ့ Dress အရောင်ကလည်း အရေးကြီးပါတယ်။ အရောင်တွေရဲ့ တုံ့ ပြန်မှုက နေ့  အလင်းရောင်၊ သဘာဝ အလင်းရောင်၊ မီးရောင်တွေကို လိုက်ပြီး ကွဲပြားတတ်ပါတယ်။
Invitation Card တစ်ခုဟာ ဘယ်တော့မှ တစ်လလောက် ကြိုပြီး သင့်စားပွဲပေါ် ရောက်မ လာနိုင်ပါဘူး။ အများဆုံး ၇ ရက် လောက်ပဲ ကြိုသိရမှာပါ။ တခါတလေ နာရီပိုင်းလောက် ကြိုပြီး Telephone Invite လုပ်တာမျိုးတောင် ရှိပါတယ်။ (အလုပ် ကိစ္စနဲ့  ပတ်သက်တဲ့ ပွဲလမ်းမျိုးက များပါတယ်) ဘယ်လိုပဲ ပြောပြော ကိုယ်တိုင် မတက်ရောက်သင့်တဲ့ ပွဲမျိုးကို ရှောင်လို့  မရ နိုင်ပါဘူး။ ဒီလို ကြုံလာရင် Flexible ဖြစ်ဖို့ ပဲ စဉ်းစားမိမှာပါ။
ပါတီပွဲတွေ သွားတဲ့အခါ (အထူးသဖြင့် ညပိုင်းတွေမှာ) ၀တ်စုံရဲ့ အရောင်ဟာ အမှိုင်း အရင့်တွေပဲ ၀တ်သင့်ပါတယ်။ အခမ်းအနားရဲ့ မီးရောင်စုံအောက်မှာ အရောင်ရင့်တွေက ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ သိပ်မထင်ရှားတဲ့ အရောင်အနုတွေ၊ အရောင်စပ် တွေက ထင်သလောက် ဆွဲဆောင်မှု မရှိနိုင်ပါဘူး။ အဖြူရောင်ကလည်း ၀တ်ရင် ကောင်း တာပါပဲ။ ၀တ်စုံက အဖြူဆိုရင် Accessories ကို အခြား အရောင်ရင့်တွေ၊ တောက်ပတဲ့ အရောင်တွေနဲ့  တွဲရပါမယ်။ အရောင်စုံ တွဲစပ်ထားတဲ့ ၀တ်စုံတွေက နေ့ ပွဲတွေ Garden Party တွေနဲ့  လိုက်ဖက်ပါတယ်။
အလုပ်နဲ့  ပတ်သက်တဲ့ ပွဲမျိုး ယူနီဖောင်းနဲ့  တက်ရတဲ့ ပွဲမျိုး ဆိုရင်ကော သင် ဘယ်လို စဉ်းစားမလဲ။ သေချာတာကတော့ အလုပ် စားပွဲက ထပြီး သွားရမှာ ဆိုတာပါပဲ။ Smart ဖြစ်တဲ့ သင့်ရဲ့ အလုပ်တက် ၀တ်စုံက ဘယ်လောက်အထိ ပံ့ပိုးပေးနိုင်မလဲ ဆိုတာ သိထား ရပါမယ်။ သပ်သပ်ရပ်ရပ် ရှိဖို့  အရင်ပြင်ဆင်ပါ။ အလုပ်တက် ၀တ်စုံနဲ့ အတူ လက်ကိုင် အိတ် (ဒါမှမဟုတ်) မှတ်တမ်းစာအုပ် တစ်အုပ်တော့ ပါသင့်ပါတယ်။ ပုဝါစ တစ်ခု ရှိရင် တော့ အလွန် အဆင်ပြေမှာပါ။ ပိုးပုဝါ အရောင်ရင့် တစ်စကို ကိုယ့်ရဲ့ ဆံပင်မျာ အသာအယာ စီးနှောင်လိုက်ရုံပါပဲ။ လက်တစ်ဖက်မှာ ချည်ထားလို့ လည်း ရပါတယ်။ အရေးကြီးတာကတော့ ကိုယ့်ပုံစံဟာ Smart ဖြစ်နေဖို့ ပါပဲ။ အလုပ်တက်ဝတ်စုံဟာလည်း အမြဲတမ်း Smart ဖြစ်အောင် ဂရုစိုက် သင့်ပါတယ်။
နေ့ စဉ် လူနေမှု ဘ၀ထဲမှာ သင့်ရဲ့ အဆင့်အတန်းနဲ့  အညီ တက်ရောက်ရမဲ့ အခမ်းအနား ပွဲလမ်းသဘင်တွေက ရှိနေမှာပါ။ အဲဒီအတွက် ကိုယ့်ဘက်က အဆင်သင့် ဖြစ်နေရပါမယ်။ လိုက်ဖက်ညီတဲ့ ထူးခြားတဲ့ ဖက်ရှင် ဖြစ်ဖို့ လည်း လိုအပ်ပါတယ်။ ရွေးချယ်တတ်ရင် Style တစ်ခုက ဆွဲဆောင်နိုင်စွမ်း ရှိပါတယ်။
ဖတ်မိသမျှလေးတွေထဲကပါ..သူငယ်ချင်းတို့..
No comments:
Post a Comment