Wednesday, 11 November 2009

တစ်စုံတစ်ယောက်ကို ချစ်မိရင် သိရမဲ့ အချက်များ

တကယ်လို့ များ လူတစ်ယောက်ကို ချစ်တယ်လို့  ကိုယ့်ကိုကိုယ် သိနိုင်တဲ့ အချက် ၁၂ ချက် က

(၁) သူနဲ့ များ ရှိနေစဉ်တုံးက မသိဟန်ဆောင်နေခဲ့ပေမဲ့ သူများ မရှိရင်တော့ သူ့ ကိုတွေ့ ဖို့  ရှာမိပြန်ရော။ ဒါဆိုရင် သူ့ ကို ….

(၂) သူက ပျော်ရွှင်အောင် အမြဲလုပ်ပြီး သင့်မျက်လုံးတွေက သူ့ အပေါ်မှာပဲ ရှိတယ်ဆိုရင် သေချာတယ်။ ချစ်မိနေပြီ။

(၃) သူများ အိမ်ပြန်ရောက်ပြီး ဖုန်းပြန်မဆက်ရင် အဲဒီဖုန်းကို မျှော်ရတာ ခိုးလို့ ခုလု၊ ငရဲပဲ။ အဲဒီအချိန်မှာ ချစ်မိနေပြီ။

(၄) သူများတကာတွေ ပို့ တဲ့ Mail ရှည်ရှည်တွေကြား သူ့ ရဲ့ email စာကြောင်း တိုတိုလေး ကို ပိုပြီး စိတ်လှုပ်ရှားမိပြန်ရော။ သေချာလိုက်တော့ ….. သူ့ ကို ချစ်မိပြီ။

(၅) သင့်ဖုန်းထဲက တောင်ပုံရာပုံ Message တွေကို မဖျက်နိုင်ပဲ သိမ်းထားရင် …… (သူ့ ဆီ က message တွေ ဖြစ်လို့ ပေါ့)။ ချစ်မိနေပြီ။

(၆) ရုပ်ရှင်လက်မှတ်လေးများ ရလာခဲ့ရင် သူနဲ့ များ သွားကြည့်ရင် ကောင်းမလားလို့ တွေးမိ တာပဲ။ ချစ်မိနေပြီပေါ့။

(၇) ကိုယ့်ကိုကိုယ်တော့ “သူက သူငယ်ချင်းပါပဲ” ဒီလို ပြောတတ်ပေမဲ့ သူ့ ရဲ့ ဆွဲဆောင်မှုကို စိတ်ကူးယဉ်မိပြန်ရော။ အဲဒီလိုရင် တော့ ချစ်မိနေပြီ။

(၈) ဒီစာဖတ်ချိန်မှာ တစ်စုံတစ်ယောက်ကိုများ သင့်စိတ်ထဲပေါ်လာခဲ့ရင် သိလိုက်ပါတော့ ……။ သူ့ ကို ချစ်မိနေပြီလေ။

(၁၂) ညပိုင်းမှာ သူနဲ့  စကားပြောမိတတ်ပြီး အိပ်ရာဝင်ချိန်ကျရင် သူ့ အကြောင်းတွေ တွေး လို့  မဆုံးတော့ဘူး။

(၁၁) သူနဲ့ ရှိနေတဲ့ အချိန်ဆို လမ်းလျှောက်တာပါ နှေးလာတယ်။

(၁၀) သူနဲ့ ဝေးနေတဲ့ အချိန်တွေမှာ အဆင်ပဲ မပြေသလို၊ သက်တောင့် သက်သာ မရှိသလို ခံစားရတယ်။

(၉) သူ့ အသံများ ကြားမိရင် ဖြတ်ကနဲ ပြုံးမိတာ ကိုယ့်ကိုကိုယ်တောင် သတိမထားမိဘူး။

(၈) သူနဲ့ များ အတူရှိရင် တခြားသူတွေကို မမြင်မိဘူး။ (သူ့ ကိုပဲ ကွက်မြင်တာကိုး)

(၆) သူ့ အကြောင်းချည်းပဲ အဆိုးလိုလို၊ အကောင်းလိုလိုနဲ့  လှည့်ပတ် တွေးနေမိပြန်တာ။

(၅) သူ့ ကိုမြင်တာနဲ့  အမြဲလိုလို ပြုံးနေမိတော့တာပဲ။ လောကကြီးဟာ ပျော်စရာကောင်း တယ် လို့ ထင်တယ်လေ။

(၄) သူနဲ့ တွေ့ ရဖို့  အမြဲလိုလို စိတ်စောမိပါတယ်။

(၃) စာဖတ်တဲ့အချိန်မှာတောင် အတွေးထဲကို သူက လျှပ်တပြက်ဝင်လာတတ်တယ်။

(၂) သူ့ အကြောင်းစဉ်းစားရတာနဲ့  ခေါင်းပူလွန်းလို့  အခု ဒီစာဖတ်နေတဲ့ အချိန်မှာတောင် နံပါတ်(၇) မပါတာ သတိမထားမိခဲ့ဘူး။

(၁) အခုဆိုရင် သူ ဘယ်သူလဲဆိုတာ ကိုယ် မှန်းလို့ ရပြီ ဖြစ်ပြီး ကိုယ့်ကိုကိုယ် ရယ်နေမိ တယ်ဆိုရင်

Time to Time Journal

No comments:

Post a Comment