Wednesday, 11 November 2009

သင့်ချစ်သူအပေါ်သင်ဘယ်လိုပြောဆိုဆက်ဆံနေသနည်း?

ချစ်သူတွေမှာ နားလည်မှုတွေနဲ့ ပြည့်နှက်ပြီး ခိုင်မြဲတဲ့ချစ်ခြင်းမေတ္တာတွေ မပြတ်ရှိစေချင်ပါက ချစ်သူနှစ်ဦးကြား ဆက်ဆံရေးပြေလည်ဖို့ လိုပါတယ်။ ဆက်ဆံရေးကောင်းမွန်စေဖို့ ဦးဆုံးလို အပ်တဲ့ အဆင့်က ဆက်ဆံရေးပုံစံတွေကို နားလည်ဖို့ပါပဲ။ ပညာရှင်တွေရဲ့အဆိုအရ ရှိတဲ့ ဆက်ဆံရေးပုံ စံ သုံးမျိုးအနက် သင်ဟာ ဘယ်အမျိုးအစားဖြစ်မလဲဆိုတာ သိရှိနိုင်ဖို့ အောက်ပါမေးခွန်းတွေကို ဖြေကြည့်ပါ။

၁။ သင်ဟာ သင့်ချစ်သူနဲ့အတူ နှစ်ယောက်တည်း ခရီးထွက်ချင်နေတယ်။ ဒါပေမဲ့ သင့်ချစ်သူက လောလောလတ်လတ် ရည်းစားပစ်ခံလိုက်ရလို့ စိတ်ဓာတ်ကျနေတဲ့ သူငယ်ချင်း အရင်း တစ်ယောက်ကို စိတ်ပြေလက်ပျောက်အနေနဲ့ ခေါ်သွားချင်တယ်။ သင်ဘာလုပ်မလဲ။
(က) ကြားလူတစ်ယောက်ပါတာ မကောင်းကြောင်း၊ စိတ်အနှောင့်အယှက် ဖြစ်နိုင်ကြောင်း ထပ်ကာထပ်ကာ ပြောပြီး သင်နဲ့ သူ့သူငယ်ချင်း ဘယ်သူက ပိုအရေးကြီးသလဲ စကားနာထိုးကာ မေးမိပါလိမ့်မယ့်။
(ခ) ဒီခရီးကိုတော့ သင်တို့နှစ်ယောက်ပဲ သွားပြီးနောက်မှ သူ့သူငယ်ချင်းကို စိတ်ပြေလက်ပျောက်အဖြစ် တခြားနေရာခေါ်သွားရအောင်ဆိုပြီး ညှိညှိနှိုင်းနှိုင်းပြောဆိုကြည့်မယ်။
(ဂ) သူ့သူငယ်ချင်းပါလာတာကို မကြိုက်ပေမယ့် စကားမများချင်လို့ သုံးယောက်သားအတူတူခရီးထွက် ဖြစ်သွားလိမ်မယ်။

၂။ သင်ဟာ အခုတလော Gym သွားကာ ကိုယ်ကာယလေ့ကျင့်ခန်းတွေသွားလုပ်နေတယ်။ ပြီးတော့ ကျန်းမာရေးနဲ့ ညီညွတ်အောင် အစာစားနေတဲ့အတွက် ကိုယ်အလေးချိန်ကျပြီး ကိုယ်ရည်စစ်လာတာကို သင့်ချစ်သူက ဘာမှမပြောဘဲနေနေပါတယ်။ ဒါဆိုသင်ဘာလုပ်မလဲ။
(က) သူများတကာတွေက သင့်ကို ဒီလောက်ပိန်သွားတယ်ပြောတာတောင် သူက သတိမထားဘဲနေရ ကောင်းလားဆိုပြီး ရန်စွာမိမယ်။
(ခ) သူကြိုက်တဲ့ဟင်းချက်ပြီး ညစာစားရာမှာ သင်ဟာကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားတွေပဲ စားနေရတဲ့အတွက်ဒီလိုအစားကောင်း အ၀စာတွေ (ဥပမာ – အုန်းနို့စမ်းကြက်သားဟင်း) မစားရတာ တောင်ကြာ နေကြောင်း ဟာသလုပ်ပြောမိမယ်။
(ဂ) အင်္ကျီဟောင်းတွေနဲ့ မတော်တော့တာကြောင့် အ၀တ်အစားသစ်တွေဝယ်လိုက်ဦးမယ်ဆိုပြီး သွယ် ၀ိုက်ပြောမိမယ်။

၃။ သင်တို့ရဲ့အိမ်ကရူပ်ပွနေပြန်ပြီ။ ဒါပေမဲ့ သင့်ချစ်သူက အိမ်ရူပ်ပွတာကို သတိတောင်ထားမိ တဲ့ ပုံမပေါက်ဘူး။ သင်ဘာလုပ်မိမလဲ။
(က) အဲ့ဒါနဲ့ပတ်သက်ပြီး စောဒကတက်မိမယ်။ သူ့ကို အိမ်ဝိုင်းရှင်းပေးဖို့ဆိုတာ ဒီတစ်နည်းပဲရှိတော့ တယ်လေ။
(ခ) နှစ်ယောက်စလုံး စိတ်အေးချမ်းတည်ငြိမ်နေချိန်မျာ သူဘယ်လောက်အလုပ်မှာ ပင်ပန်းနေသလဲဆို တာ သိကြောင်းချီးကျူးစကားအရင်ဆိုပြီး အိမ်မှာတော့ ဒီလိုဒီလိုပဲ ရူပ်ပွနေတယ်။ သင်တစ်ယောက် တည်း ရှင်းရတာ မနိုင်ကြောင်း။ အကူအညီပေးစေချင်ကြောင်း၊ ညင်ညင်သာသာလေး ပြောမိမယ်။
(ဂ) သင့်သူငယ်ချင်းရဲ့ ချစ်သူအမျိုးသားက သူ့အိမ်မှာ ဖုန်ဝိုင်းစုပ်ပေးကြောင်း အ၇ိပ်အမြွက်အနေ နဲ့ မသိမသာလေးပြောမိမယ်။

၎။ သင်ဟာ သင့်ချစ်သူနဲ့ စိမ်းနေသလိုခံစားရပြီး သူ့အပြုအမှုတွေလည်း အေးစက်စက်နိုင်နေ တယ်လို့ထင်ပါက သင်ဘာလုပ်မိမလဲ။
(က) လာမယ့်ရုံးပိတ်ရက်မှာ တစ်နေရာကို သွားဖို့ စီစဉ်ပြီး အချင်းချင်းပြန်နွေးထွေးအောင် လုပ်မယ်။ ပြီးတဲ့အခါ သင့်ကိုဘာကြောင့် ဖက်လှဲတကင်းမနေတာ့တာကို မေးကြည့်မယ်။
(ခ) သူနဲ့ထိပ်တိုက်တွေ့မေးမယ့်အစား သူငယ်ချင်းတွေဆီမှာ ရင်ဖွင့်မယ်။ ပြီး တဲ့အခါ သူနဲ့ညစာ အတူတူထွက်စားပြီး အစစအရာရာအဆင်ပြေရဲ့လား။ ဘာအဆင်မပြေဖြစ်နေသလဲ မေးကြည့်မယ်။
(ဂ) အဲဒီအကြောင်းကို လအနည်းငယ်ကြာတဲ့အထိ အဆွေးနွေးမိအောင် ရှောင်ရှားမယ်၊ လူတိုင်းမှာ တော့ စိတ်အခန့်မသင့်တဲ့ အခါမျိုးတော့ရှိမှာပဲ။

၅။ သင်ဟာ သင့်ချစ်သူကို စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်မှာ ကဗျာဆန်ပြီး ကြည်နှုးဖွယ်ကောင်းစွာ ဖြတ်သန်းဖို့ကို လနဲ့ချီပြီးစီစဉ်ထားပေမယ့် အဲဒီနေ့မှာ ကျင်းပမယ့် သူအရမ်းကြိုက်တဲ့ အဆိုတော် စတိတ် ရူးလတ်မှတ် မေတ္တာလတ်ဆောင်ရလာပြီး စတိတ်ရူိးပဲသွားတော့မယ်လို့ လုပ်နေတဲ့အခါ သင်ဘာလုပ်မိမ လဲ။
(က) စိတ်မတိုအောင်ထိန်းထားပေမယ့် မရဘူး။ ပြီးတော့ သူ့ကို သင့်အစီအစဉ်က စတိတ်ရိုးထက်ပို အရေးကြီးကြောင်း ပြောမယ်။
(ခ) သူအရမ်းသွားချင်နေလားမေးလိုက်ပြီး ဒီပွဲကိုတော့သွားချင်သွားပါ။ သင်ရဲ့အစီအစဉ်ကို ရက် ပြောင်းလိုက်မယ်။ ဒါပေမဲ့ သင့်ကိုပြန်လိုက်လျောတဲ့အနေနဲ့ သင့်အစီအစဉ် ပိုကောင်းအောင် သူ့ကို စီစဉ်ခိုင်းမိပါလိမ့်မယ်။
(ဂ) ၀မ်းနည်းသွားပေမယ့် ဘာမှမပြောဘဲနေလိမ့်မယ်။ သင့်အတွက်ပါ လက်မှတ်ရနိုင်မလား တွေးနေမိ မယ်။

“က” များလွန်းပါက သင်ဟာ ဦးဆောင်ချင်သူပါ
ဆက်ဆံရေးပုံစံ
သင်ဘာလိုချင်သလဲဆိုတာကို သင်သိပြီး သင်လိုချင်တာရအောင်တွန်းအားပေးပြီး ဆက်ဆံတတ်ပါ တယ်။ အဲဒီအတွက် သင်ဆက်ဆံတဲ့ပုံစံက အထက်စီးကလိုဖြစ်နေတတ်ပါတယ်။
ဘာပြင်ဆင်သင့်သလဲ
နားထောင်မှုစွမ်းရည် တက်အောင်လုပ်ပါ။ သူများပြောတာကို သေချာဂရုဟိုက်ပြီး နားထောင်ပေးပါ။ ကိုယ့်အမှုအရာကလည်း အရေးကြီးပါတယ်။ သင့်ချစ်သူရဲ့် မျက်နှာအမှုအရာကိုလိုက်ပြီး တုပကြည့်ခြင်းဖြင့် သူ့ခံစားချက်ကို ပိုနားလည်နိုင်ပြီး သင့်ရဲ့ နားထောင်မှုစွမ်းရည်လည်း တက်လာမှာပါ။ အကယ်၍ ငြင်းခုံစရာကြုံလာခဲ့ရင် အပြိုင်လုပြောမယ့်အစား တစ်ယောက်တစ်လှည့်စီပြောကာ တစ်ဖက်သားခံစားချက်ကို နားလည်အောင်ကြိုးစားပါ။
Tips
အားလပ်ရပ်မှာ ဘာလုပ်မယ်ကအစ ဈေးမှာဘာဝယ်မယ်ဆိုတဲ့ အဆုံး အရာရာမှာ သင်ကချည်းပဲ ဆုံးဖြတ်တတ်တဲ့ အကျင့်ကို လျှော့ပါ။ သင့်ချစ်သ်ူရဲ့ ဆန္ဒကို ပါ ထည့်တွက်ပါ။ “ကျွန်မကတော့ဒီလို လုပ်ချင်တယ်။ ရှင်ကရော ဘယ်လိုထင်သလဲ” ဆိုတာမျိုးမေးမြန်းခြင်းဖြင့် သူ့ကို အသိအမှတ်ပြုပါ။

“ခ” များလွန်းပါက သင်ဟာ ညှိနှိုင်းတတ်သူပါ
ဆက်ဆံရေးပုံစံ
သွက်လပ်ပြီး ညှိညှိနှိုင်းနှိုင်းပြောဆို ဆက်ဆံတတ်တာဟာ သင့်ရဲ့အားသာချက်ပါ။ ချစ်သူဘ၀သာ ယာအောင် ကြိုးစားတတ်သူပါ။ အချိန်အများဟုမှာ သင်ဟာ သင့်ချစ်သူကို လူရာသွင်းဆက်ဆံ တတ်သလို သူ့ဘက်ကလည်း သင့်အပေါ် လေစားမှု ပြန်လိုချင်ပါတယ်။
ဘာပြင်ဆင်သင့်သလဲ
တစ်ခါတစ်လေမှာ ညှိနှိုင်းရင်းနဲ့ အခန့်မသင့်ရင် ငြင်းခုံတဲ့ဘက်ကို ရောက်ရှိသွားတတ်ပါတယ်။ ဟိုဟာစဉ်းစား ဒီဟာစဉ်းစားနဲ့ ရှည်ရှည်ဝေးဝေးလျှောက်တွေးနေတတ်တာ ညှိနှိုင်းတတ်သူတွေရဲ့ဥာဉ် ပါ။ ဒါကြောင့် ညှိနှိုင်း ဆွေးနွေးရာမှာ ရှည်ရှည်ဝေးဝေးမစဉ်းစားဘဲ လိုရင်းကို သာ ပြောနိုင်အောင် ကြိုးစားပါ။
Trips
ဆွေးနွေးတိုင်ပင်ရုံနဲ့ အရှိန်တက်လာပြီး စကားများလာပါက စိတ်အပြော်ငးအလဲ ဖြစ်သွားအောင် တစ်ခုခုကို ဟာသလုပ်ပြောလိုက်ပါ။ တစ်ယောက်ယောက်က စိတ်တိုဒေါသထွက်နေပြီဆိုပါက ရန်မဖြစ် ရအောင် သင့်လေသံကို ဟာသလုပ်ပြိး ပြောင်းပြောလိုက်ပါ။ သူပြုံးမိကာ ဒေါသလျော့သွားပါလိမ့်မည်။

“ဂ” များလွန်းပါက သင်ဟာအကောင်းမြင်တတ်သူပါ
ဆက်ဆံရေးပုံစံ
သင်ဟာအကောင်းမြင်လွန်းတာကြောင့် ပြဿနာရပ်တွေကို လျစ်လျူရူထားသလိုတောင် ဖြစ်နေတတ် ပါသည်။ တစ်ခါတလေမှာ သင်ဟာ ပွင့်ပွင့်လင်းလင်းမပြောဘဲ အရိပ်အမြွက်ကိုသာ ရိပ်ဖမ်းသံဖမ်း ပြောဆိုတတ်တာဟာလည်း အမျိုးသားတွေအနေနဲ့ သဘောမပေါက်နိုင်ပါဘူး။
ဘာပြင်ဆင်သင့်သလဲ
အရေးကြီးတဲ့ ကိစ္စရပ်တွေဆိုရင် သွယ်ဝိုက်မနေဘဲ တိုက်ရိုက်သာပြောဆိုပါ။ အကောင်းမြင်သမား တွေဟာ အရေးကြီးတဲ့ ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်တွေကို ထိပ်တိုက် မျက်နှာချင်းဆိုင် မပြောဆိုကြဘဲ ဟန်းဖုန်းနဲ့ မက်ဆေ့ဂ်ျပို့ခြင်း၊ အီးမေးလ်ပို့ခြင်းကိုသာ ပြုလုပ်တတ်ကြပ်တယ်။ ဒါဟာမကောင်းပါဘူး။ အရေးကြီးကိစ္စရပ်တွေကို ထိပ်တိုက်ပြောဆို ဆွေးနွေးသင့်ပါတယ်။
Trips
သင်အချစ်ရေးမှာ သင်ပြောရဲဆိုရဲဖြစ်အောင်ကြိုးစားပါ။ ငြိမ်းချမ်းဖို့ အလွန်ကြိုးစားနေတာကြောင့် ချစ်သူကို မဆန့်ကျင်ရဘဲ အစစအရာရာသူ့သဘောကျသာ လိုက်လျောနေရသလိုဖြစ်နေ တတ်ပါတယ်။ သင့်ဘ၀ရဲ့ အရေးကြီးနယ်ပယ်တွေကို စာရင်းချရေးကာ ဘယ်သူက ထိန်းချုပ်သလဲဆို တာ စဉ်းစားကြည့်ပါ။ လူမှုဘ၀၊ ငွေရေးကြေးရေး ဒါမှမဟုတ် အမှုကိစ္စ တစ်နေရာရာမှာ တစ်ယောက်ယောက်က လွှမ်းမိုး ထိန်းချုပ်နေပါက ဘာကြောင့်လဲ အဖြေရှာကာ နှစ်ယောက်ညီတူမျှတူ ညှိနှိုင်းတိုင်ပင်ပါ။

ဤသို့ဆိုလျှင် သင့်ချစ်မြတ်နှိုးထားရသောသူသည် သင့်၏အချစ်ကိုနားလည်လာကာ သင့်အပေါ် ဘယ်တော့များမှ ပစ်ပယ်မသွားပဲ သင်တို့အချစ်သည်လည်း ရေရှည်တည်တဲ့ခိုင်မြဲနိုင်ကြမည့်ဖြစ်ပြီး သူငယ်ချင်း အားလုံးပဲ စစ်မှန်သောအချစ်နှင့် ခိုင်မြဲသော ချစ်သူဘ၀တို့ကို ဖြတ်သန်းနိုင်ကြပါစေ။

No comments:

Post a Comment