Wednesday, 21 July 2010

ကန်တော့ခန်းမှာပါတဲ့ မနောကံ ဆိုတာဘာလဲ?

မနောကံဆိုတာ စိတ်ဖြင့်ပြစ်မှားခြင်း ဖြစ်တယ်။ မနောကံ (၃)မျိးရှိတယ်…

(၁) အဘိဇ္ဈာ- သူတပါးစည်းစိမ်ကို မတရားကြံစည်မှု။

(၂) ဗျာပါဒ-သူတပါးကို စိတ်ဖြင့် ပြစ်မှားမှု။

(၃) မိစ္ဆာဒိဌိ-ကံကံ၏အကျိုးကို မယုံကြည်မှု-


ဆိုပြီသုံးမျိုးရှိတယ်။ အကျဉ်းချုပ်အားဖြင့်တော့ လူတစ်ဖက်သားအကျိုးယုတ်စေဖို့ ကြံစည်တွေးတောမှု မှန်သမျှဟာ မနောကံဖြစ်တယ်။ ဆရာသမား မိဘတွေက ဆုံးမပြောဆိုတဲ့အခါ ခိုင်းစေတဲ့အခါ စိတ်ထဲမှာ မကျေနပ်မှု(မကြည်မှု) တွေဟာ မနောကံအပြစ်တွေ ဖြစ်တယ်။ ကာယကံ၊ ၀စီကံ မဖြစ်အောင် သတိထား စောင့်ထိန်းလို့ရပေမယ့် မနောကံမဖြစ်အောင် ထိန်းဖို့ကတော့ မလွယ်ပါဘူး၊ စိတ်သဘောထား ရင့်ကျက်ဖို့လိုတယ်။

No comments:

Post a Comment