သြကာသ မှုကွဲငါးမျိုးမှာ ရှေ့နှစ်မျိုးက ကန်တော့ခန်း၊ အလယ်နှစ်မျိုးကတော့ ဘုရားရှိခိုး၊ နောက်ဆုံးက ရှိခိုးကန်တော့ကြိုးဆိုပြီး သုံးမျိုးကွဲနေတာကို ပြောခဲ့ပြီး ကန်တော့ခန်းမှာပါတဲ့ ကာယကံ စသည်နဲ့ ဘုရားရှိခိုးမှာပါတဲ့ ကာယကံ စသည်ဟာ မတူဘူး။ ကန်တော့ခန်းမှာပါတဲ့ ကာယကံ၊ ၀စီကံ၊ မနောကံဆိုတာက ပြစ်မှားကျူးလွန်မှု စေတနာကြောင့်ဖြစ်တဲ့ ကိုယ်၊ နှုတ်၊ စိတ်နဲ့ ပြစ်မှား ကျူးလွန်မှု အကုသိုလ် ဒုစရိုက်တွေဖြစ်တယ်။
ကိုယ်၊ နှုတ်၊ စိတ်နဲ့ ပြစ်မှားကျူးလွန်မိတဲ့ အပြစ်တွေပျောက်အောင် ရတနာသုံးပါးကို ကန်တော့ပါလို့ ဆိုလိုတယ်။ သြကာသ ဘုရားရှိခိုးမှာပါတဲ့ ကာယကံ၊ ၀စီကံ၊ မနောကံတွေကတော့ ဒူးပဆစ်တုပ်ကာ လက်အုပ်ချီ ၀ပ်ချပြီး ကိုယ်ကာယဖြင့် ရှိခိုးခြင်း၊ အစန္တေယျ၊ အပ္ပံမေယျစသည် ရွတ်ဆိုကာ နှုတ်ဖြင့် ရှိခိုးခြင်း၊ အရဟံစတဲ့ ဂုဏ်တော်တွေကို ဆင်ခြင် အောက်မေ့နှလုံးသွင်းကာ စိတ်နဲ့ရှိခိုးခြင်းဆိုတဲ့ ကုသိုလ်စေတနာတွေ ဖြစ်ပါတယ်။ ကိုယ်နဲ့ နှုတ်နဲ့ စိတ်နဲ့ ရတနာသုံးပါးကို ရှိခိုးပါတယ်လို့ ဆိုလိုပါတယ်။
No comments:
Post a Comment