အရိယာသံဃာနဲ့ သမ္မုတိသံဃာဆိုပြီး သံဃာနှစ်မျိုးရှိတယ်။ မဂ္ဂဌာန်လေးယောက်၊ ဖလဌာန်လေးယောက်၊ ပေါင်း(၈)ယောက်ကို ကိလေသာ အညစ်အကြေးတွေ လုံးဝမရှိ ဖြူစင် သန့်ရှင်းမြင့်မြတ်တဲ့ အတွက် အရိယာသံဃာလို့ ခေါ်တယ်။ အရိယာသံဃာကို ပရမတ္ထသံဃာလို့လဲ ခေါ်သေးတယ်။ ဒက္ခိဏေယျသံဃာလို့လဲ ခေါ်သေးတယ်။
မဂ်ဖိုလ်ကို မရသေးဘဲ မဂ်ဖို ရရာရကြောင်း တရားတော်တွေကို သင်အံနေဆဲဖြစ်တဲ့ ရဟန်းတော်တွေကိုတော့ ဘုရား ၀ိနည်းတော်အရ သံဃာလို့ ခေါ်ဝေါ်သမုတ်ထားတဲ့အတွက် သမ္မုတိသံဃာလို့ ခေါ်တယ်။
No comments:
Post a Comment