အဲဒီအချိန်တုန်းက အိန္ဒိယမှာ ဗြဟ္မဏ၀ါဒလို့ခေါ်တဲ့ ဟိန္ဒူဘာသာကို အမျာဆုံး ကိုးကွယ်နေကြတယ်။
ဟိန္ဒူဘာသာရဲ့ အစောဆုံးစာပေကတော့ ရိ-ဂိဝေဒ ဖြစ်တယ်။ အဲဒီ ရိ-ဂိဝေဒထဲမှာ အိန္ဒိယပြည်ထဲကို ရှေးဦးစွာ ၀င်ရောက်လာကြတဲ့ အာရယန်လူမျိုးတွေရဲ့ တေးဂီတတွေပါတယ်။ အာရယန်တွေဟာ နေ၊ ရေ၊ မီး၊ လေစတဲ့ သဘာဝ အင်အားတွေကို သက်ရှိအဖြစ် ပြောင်းပြီး နေနတ်၊ လေနတ်၊ မီးနတ်၊ မြစ်စောင့်နတ်၊ တောင်စောင့်နတ်တွေအဖြစ်နဲ့ ကိုးကွယ် ပူဇော်နေကြတယ်။ ၈၀၀-ဘီစီလောက်မျာ ဥပနိသျှဒ်ခေါ်တဲ့ကျမ်းတွေ ပေါ်လာတယ်။ အဲဒီကျမ်းတွေထဲမှာ …
၁။ ၀တ်ပြုကိုးကွယ် ပူဇော်နည်း၊
၂။ အတ္တကို စင်ကြယ်စေဖို့ ခြိုးခံကျင့်ကြံအားထုတ်နည်း၊
၃။ သံသရာမှ လွတ်မြောက်ရန် ကမ္မဌာန်းတရားအားထုတ်နည်းတွေကို ဖော်ပြကြတယ်။
ဟိန္ဒူဝါဒအရ အတ္တဟာတစ်ဘ၀ပြီး တစ်ဘ၀ဆက်ကာ ဆက်ကာ သံသရာ ကျင်လည်နေတယ်။ အဲဒီလိုကျင်လည်ရာမှာ ကောင်းမှု မကောင်းမှုအရ ကောင်းတဲ့ဘ၀၊ ဆိုးတဲ့ဘ၀မှာ ကျင်လည်ရတယ်။ အဆုံးအစမရှိ ကျင်လည်နေရတဲ့ သံသရာမှ လွတ်မြောက်ရေးနည်းလမ်းတစ်ခုဟာ ရှိရမယ်လို့ ယုံကြည်ကြတယ်။ အဲဒီ လွတ်မြောက်ရေးလမ်းကို ရှာကြံရာက အဘိဓမ္မာဆရာကြီးတွေ အမြောက်အမြား ပေါ်ထွက်လာကြတယ်။ တချို့က အဲဒီဂိုဏ်းဆရာကြီးတွေကို ကိုးကွယ်ပြီး တချို့ကတော့ မီးနတ်၊ နေနတ်၊ လေနတ် စတဲ့ သဘာဝနတ်တွေကို ကိုးကွယ်နေကြတာဖြစ်ပါတယ်။
No comments:
Post a Comment