Thursday, 22 July 2010

ဘုရားရှင်ဟာ သံဃာအဖွဲ့ကို ဘာရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့သလဲ ?

ဘုရားရှင်ဟာ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်ပြီးမှ ရရှိထားတဲ့ တရားတော်တွေကို ဝေနေယျသတ္တ၀ါတွေကို ဖြန့်ဝေလိုတယ်။ ဘုရားရှင် တစ်ပါးတည်း ဖြန့်ဝေရုံနဲ့လဲ မပျံ့နိုင်ဘူး။ ဘုရားရှင် တစ်သက်ဟောကြားရုံနဲ့လဲ ဝေနေယျတွေဟာ မကုန်နိုင်ဘူး။ ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်မှာလဲ ဘုရားရှင်ရဲ့ ကိုယ်စားလှယ်တော်အဖြစ် ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မှုပြီးတဲ့ နောက်မှာလဲ သာသနာ အမွေခံတွေ အဖြစ်နဲ့ ဝေနေယျတွေကို ဆက်လက်ဟောကြားနိုင်ဖို့အတွက် သံဃာအဖွဲ့ကြီးကို ဖွဲ့စည်း တော်မှုခဲ့တယ်။


ဒီနေ့အတထိ သာသနာတော်တည်နေတာဟာ သံဃာတော်တွေ ဆက်လက်ထိန်းသိမ်းထားလို့ ဖြစ်ပါတယ်။

No comments:

Post a Comment