သူတစ်ပါးအသက်မသက်ဘူး၊ သူတစ်ပါးဥစ္စာ မခိုးပါဘူးလို့ ဘုန်းကြီးဆီမှာ ဘုရားဆီမှာ ကတိပြုထားတယ်။ သတ်ရမယ့်သတ္တ၀ါ၊ ခိုစရာပစ္စည်းတစ်ခုခုကို တွေ့တဲ့အခါ ဘုန်းကြီးရှေ့မှာ ဘုရားရှေ့မှာ ဆောက်တည်ထားတဲ့ကတိကို သတိရပြီး မသတ်ဘူး၊ မခိုးဘူး။ ဘာဖြစ်လို့ မသတ် မခိုးတာလဲမေးရင် ဘုန်းကြီးရှေ့၊ ဘုရားရှေ့မှာ ကတိပြုဆောက်တည်ထားလို့ ဖြစ်တယ်လို့ ဖြေလိမ့်မယ်။
ဒါကြောင့် ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိစတဲ့ သိက္ခာပုဒ်တွေဟာ ကျင့်ဝတ်တွေဟာ သတ်မှု ခိုးမှုတွေကို ရှောင်ကြဉ်ခြင်းရဲ့ အကြောင်းဖြစ်ပါတယ်။
ဒါကြောင့် ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို ဆောက်တည်ပါ၏လို့ ဆိုလိုပါတယ်။
No comments:
Post a Comment