ကျေးဇူးရှင်မိဘနှစ်ပါးတို့၏ ကျေးဇူးဂုဏ်သည် အနန္တဖြစ်သကဲ့သို့ ဆရာသမားတို့၏ ကျေးဇူးဂုဏ် သည်လည်း အနန္တပင်ဖြစ်၏။
လောက၌ သတ္တ၀ါတိုင်း လူသားတိုင်းအတွက် အရေးကြီးဆုံးမှာ အသိဥာဏ်ပညာဖြစ်၏။ ပညာသည် နားမျက်စိဖြစ်၏၊ နားနှင့် မျက်စိမရှိသူသည် အရာမ၀င်သကဲ့သို့ ပညာမတတ်သူသည်လည်း အရာမ၀င်ပေ။
ထိုပညာကို ပထမဆုံးမိဘနှစ်ပါးထံမှ ဆည်းပူးကြရ၏။ ထိုမျှနှင့် မပြည့်စုံ၊ ဆရာသမားများထံ သီးခြားသင်ယူကြရသည်။ ထိုသို့ သင်ယူကြရာ၌ ဆရာကလည်း ဆရာ့ဝတ်ကျေ၍ တပည့်ကလည်းတပည့်ဝတ် ကျေရသည်။
“အတတ်လည်းသင် ပဲ့ပြင်ဆုံးမ သိပ္ပမချန် ဘေးရန်ဆီးကာ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ။”
“ညီညာ ထကြွ ဆုံးမနာယူ လာမှုကြိုဆီး ထံနီးလုပ်ကျွေး သင်ထွေးအံရွတ် တပည့်ဝတ် မချွတ်ငါးခုသာ”
No comments:
Post a Comment