သီလတွေကို အမျိုးပေါင်းများစွာ ခွဲခြားပြထားပါတယ်။ ဒါပေမယ့် ဒီနေရာမှာတော့ ဗုဒ္ဓဘာသာ မြန်မာ အရပ်သားတွေနဲ့ ဆိုင်တဲ့ သီလအမျိုးအစားကိုပဲ ဖော်ပြပါမယ်။
လူအရပ်သား ဆောက်တည်တဲ့ သီလဟာ ၅-ပါးသီလ၊ ၈-ပါးသီလ၊ ၁၀-ပါးသီလဆိုပြီး ၃-မျိုးရှိတယ်။ ဒါပေမယ့် ၁၀-ပါသီလက ရွှေငွေမကိုင်ရတဲ့အတွက် လူအရပ်သားတွေ ဆောက်တည်လေ့ မရှိကြဘူး။ ရှင်သာမဏေများအတွက် သီးခြားလိုပဲဖြစ်နေပြီး။
၅-ပါးသီလကတော့ ဗုဒ္ဓဘာသာ အရပ်သားမှန်သမျှ အမြဲမပြတ် တသက်ပတ်လုံး စောင့်ထိန်းတဲ့ သီလဖြစ်ပါတယ်။
၈-ပါးသီလကတော့ ဥပုသ်နေ့မှာမှ ကျင့်သုံးနိုင်တဲ့ ပုဂ္ဂိုလ်တွေ ကျင့်သုံးကြတဲ့ သီလဖြစ်တယ်။
ဒါကြောင့် အရပ်သားတွေနဲ့ ဆိုင်တဲ့ ၅-ပါးသီလနဲ့ ၈-ပါးသီလဆိုင်ရာ သိမှတ်ဖွယ်ရာတွေကိုပဲ ပြသွားပေးပါ့မယ်။
No comments:
Post a Comment