ထိမ်းမြားမှုနှင့် ပတ်သက်၍ တစ်ခါတစ်ရံ ဘာသာတပါး ယုံကြည်သူများနှင့် လက်ဆက်ရသည်လည်း ရှိတတ်သည်။ ဗုဒ္ဓမြတ်စွာ လက်ထက်တော်အခါကပင် ဤပြဿနာမျိုး မကြာခဏ တွေ့ကြုံခဲ့ရသည်။ ၀ိသာခါ၊ စူဠသုဘဒ္ဒါ စသော အရိယာ အမျိုးသမီးများသည်ပင် ဘာသာခြားများနှင့် လက်ထပ်ခဲ့ာကဖူးကြောင်း တွေ့ရသည်။
ထိုသို့ ဘာသာခြားများနှင့် လက်ထပ်ရာဝယ် မိဘများက သားသမီးများအား မိမိအယူဘာသာဝါဒ မပျောက်ကွယ်ရအောင် ကြိုတင်စီစဉ်မှာကြားလိုက်ပုံများနှင့် သားသမီးများကလည်း မိမိဘာသာကို ကာကွယ်ပြီး မိမိဘာသာဘက်သို့ ရောက်လာအောင် ဆောင်ရွက်ပုံတို့မှာ အတုယူစရာ ကောင်းလှပေသည်။
No comments:
Post a Comment