Thursday, 26 August 2010

ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ တစ်ခုခုနဲ့ တွေ့ကြုံတဲ့အခါ ဘုရားဂုဏ်တော်ကို အောက်မေ့ရွတ်ဖတ် သရဇ္ဈာယ်ရင် အကြောက်ပြေပါသလား။ ဘာကြောင့်ပါလဲ ?

သံယုတ္တနိကာယ် ဇေဂ္ဂသုတ်မှာ ဘု၇ားရှင်ရဲ့ အရဟံသမ္ပုဒ္ဓေ…စတဲ့ ဂုဏ်တော်တွေကို အောက်မေ့တဲ့ လူတွေမျာ ကြောက်ခြင်း၊ ကြက်သီးထခြင်းတွေ ပျောက်ကင်းတယ်။


ဘာကြောင့် ဒီလို ပျောက်ကင်းရသလဲဆိုတော့ ဘုရားရှင်ဟာ ရာဂကင်းတယ်။ ဒေါသ မောဟတွေ ကင်းပြီး ကြောက်ရွံ့ထိတ်လန့်မှု လုံးဝမရှိတော့လို့ ဖြစ်တယ်လို့ ဘုရားရှင် ကိုယ်တော်တိုင် အကြောင်းပြချက်တွေနဲ့ ဖြေဆိုထားပါတယ်။

No comments:

Post a Comment