သုံးကြိမ်ထပ်ဆိုတာ အထူးလေးနက်စေချင်လို့ ဖြစ်ပါတယ်။ တစ်ကြိမ်တစ်ခါ ဆိုတာကတော့ စိတ်မပါ လက်မပါ ၀တ်ကျေတန်းကျေဆိုတာလဲ ဖြစ်နိုင်ပါတယ်။ အခု သရဏဂုံ ဆောက်တည်တဲ့ လူကတော့ တကယ့် ယုံယုံကြည်ကြည် စိတ်ပါလက်ပါ ကိုးကွယ်ဆည်းကပ်ခြင်း ဖြစ်တယ်ဆိုတာ သိစေချင်လို့ သူရဲ့ ကိုးကွယ်ဆည်းကပ်မှုကို လေးနက်စေချင်လို့ သုံးကြိမ်ထပ်ဆိုခြင်း ဖြစ်ပါတယ်။ ဘာသာရေးကိစ္စတွေမှာ သုံးကြိမ်ထပ်ဆိုမှု မှန်သမျှဟာ လေးနက်စေချင်လို့ ဖြစ်တယ်လို့ မှတ်ရပါမယ်။
No comments:
Post a Comment