တစ်ဦးနှင့်တစ်ဦး တွေ့ကြ ဆုံကြ ကြိုက်ကြ ချစ်ခင်ပေါင်းသင်းကြရေးနှင့် ပတ်သက်၍ ဘ၀ပေါင်းများစွာ အတိတ်အချိန်အခါက အလှူဒါနအတူတကွ ပြုလုပ်ခဲ့ကြပြီး ရေစက်ချခဲ့ဖူးကြလျှင် တစ်ဦးနှင့်တစ်ဦး သစ္စာဆို ဆုပန်ခဲ့ကြဖူးလျှင် ယခုဘ၀၌ အတူတကွ လက်တွဲကြရသည်။ ပေါင်းသင်း ဆက်ဆံတတ်ကြရ သည်။
ရှေးဘ၀များစွာက ချဖူးသော ရေစက် မန္နက်ဖူးသော သစ္စာ အတူတကွ နေထိုင် ပေါင်းသင်းခဲ့ရခြင်း ယခုဘ၀၌လည်း သူ့အကျိုးစီးပွားကို ဆောင်ရွက်လုပ်ကိုင် ပေးခြင်းကြောင့် ချစ်သူတို့ ဘ၀ရောက်ကြရသည်ဟု ဟောတော်မှုထားပါသည်။
ဤဒေသနာတော်အရ ယခု ဘ၀လက်တွဲကြရသည်မှာ သံသရာ ဆုတောင်းကြောင့် လိုက်ဖက်ညီသော စိတ်တူ သဘောတူ ယုံကြည်မှုတူ အမျိုးဘာသာ သာသနာတူသူတို့ချင်း ထိမ်းမြားခြင်းသည် မြတ်စွာဘုရား၏ အဆုံးအမတော်နှင့် ညီညွတ်၍ မင်္ဂလာ ဖြစ်ပေမည်။
No comments:
Post a Comment