Wednesday, 11 August 2010

ဘုရားရှင် ကြွတော်မှုတဲ့အခါ ခြေတော်ရာမထင်ဘူးဆိုတာ မှန်ပါသလား။ ဘာကြောင့်ပါလဲ။ ဘယ်လိုအခါမှာ ထင်ပါသလဲ ?

ဘုရားရှင်ကြွတော်မှုတဲ့အခါ ခြေတော်ရာ မထင်တာ မှန်ပါတယ်။ ဘာကြောင့် မထင်သလဲဆိုရင် (၁) နှုးညံ့သိမ်မွှေ့တဲ့အတွက်၊ (၂) ခွန်အားကြီးမားတော်မှုတဲ့အတွက်၊ (၃) လူအများကို သနား ငဲ့ညှာတော်မှုတဲ့ အတွက်ကြောင့် မထင်ကြောင်းကို အင်္ဂုတ္ထိုရ် အဌကထာမျာ ဖွင့်ပြထားပါတယ်။ ဘုရားရှင်ဟာ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီး ဘုရားဖြစ်လာရပါတယ်။


ဘုရားရှင် ကြွတော်မှုရာ ခြေတော်ရာတွေ ထင်နေပါက လူအများက ဒီခြေတော်ရာအားလုံးကို အရိုအသေမပြုဘဲ လွှဲရှောင်မသွားနိုင်ဘဲ နင်းမိ ကျော်မိရင် အကုသိုလ်ဖြစ်ဖို့ ရှိကြပါတယ်။ ခြေတော်ရာကို နင်းသွား ကျော်သွားမယ့်လူတွေ ပြေစ်ရမှာကို သနားတော်မှုတဲ့အတွက် ဘုရားရှင်ဟာ ခြေတော်ရာ မထင်အောင် အဓိဌာန်ပြီး ကြွတော်မှုပါတယ်။


ဘုရားရှင်ကို အမှတ်တရ ဖူးမြော်လိုသူတွေ အမြတ်တနှိုးဖူးမြော်နိုင်ဖို့ ဖူးမြော်စရာတစ်ခု သနားတော်မှုဖို့ တောင်းပန်တဲ့အခါ နောင်အခါလဲ သာသနာတော် ထွန်းကားစည်ပင်ပြီး သာသနာတော် အကျိုးများဖို့ မြင်တော်မှုတဲ့အခါ ခြေတော်ရာ ထင်စေသတည်းလို့ အဓိဌာန်ပြီး ခြေတော်ရာကို ထင်စေပါတယ်။ မင်းဘူး၊ မန်းစက်တော်က ခြေတော်ရာဟာ သစ္စဗန်ရသေ့ တောင်းပန်လို့ ချခဲ့တာ ယနေ့ သာသနာတော် ၂၅၀၀-ကျော်အထိ တည်တံ့ထွန်းကားနေပါတယ်။

No comments:

Post a Comment