Friday, 13 August 2010

သမ္ဗုဒ္ဓေဂါထာမှာ လာတဲ့ ငါးသိန်း တစ်သောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူသော ဘုရားတွေဟာ ဘယ်ဘုရားတွေ ပါလဲ ?



စိန္တိတံ သတ္တသင်္ချေယျံ၊
န၀သင်္ချေယျဝါစကံ။
ကာယ၀ါစံ စတုချာတံ၊
ဗုဒ္ဓတ္တံ သမုပါဂမိ။

ဟူသော စူဌဗုဒ္ဓဃောသထေရ်စီရင်သည့် သောတတ္တကီကျမ်းလာဂါထာအရ ဂေါတမဘုရား အလောင်းတော်ဟာ စိတ်တော်ထဲမှာ ဘုရားဆုကို တောင်းခဲ့တာ ၇-သင်္ချေ ကြာပါတယ်။

အဲဒီ ၇-သင်္ချေအတွင်းမှာ ဗြဟ္မဒေ၀စတဲ့ ဘုရားပေါင်း တစ်သိန်း နှစ်သောင်း ငါးထောင် ပွင့်ပါတယ်။ နှုတ်တော်က မြွက်ဆိုပြီး ဘုရားဆုတောင်းခဲ့တာက ၉-သင်္ချေကြာပါတယ်။ အဲဒီ ၉-သင်္ချေအတွင်းမှာ ပေါရာဏ သကျ ဂေါတမ စတဲ့ဘုရား အဆူပေါင်းသုံးသိန်းရှစ်သောင်း ခုနှစ်ထောင်ပွင့်ခဲ့ပါတယ်။ ဒီပင်္ကရာ ဘုရားထံမှစ၍ ကိုယ်ရော နှုတ်ပါ ဘုရားဆုတောင်းခဲ့၊ ကျင့်ခဲ့တာက လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကြာပါတယ်။ အဲဒီ ကာလအတွင်း ပွင့်တဲ့ ဘုရားပေါင်းက နှစ်ကျိပ်ရှစ်ဆူဖြစ်ပါတယ်။ အဲဒီ သင်္ချေနှစ်ဆယ်နဲ့ ကမ္ဘာတစ်သိန်းအတွင်း ပွင့်တော်မှုတဲ့ (၅၁၂၀၂၈) ငါးသိန်း တစ်သောင်း နှစ်ထောင် နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်များကို ရည်မှန်းရှိခိုးပူဇော်တာ ဖြစ်ပါတယ်။

No comments:

Post a Comment