Thursday, 26 August 2010

ငါးပါးသီလ ဆိုတာဘာလဲ ?

ပါဏာတိပါတာစတဲ့ ငါးပုဒ်ကို ဘာလို့ခေါ်သလဲ ?

ပါဏာတိပါတာစတဲ့ ငါးပုဒ်ကို ငါးပါးသီလလို့ ခေါ်ပါတယ်။ တစ်သက်ပတ်လုံး စောင့်ထိန်းရတဲ့ သီလဖြစ်လို့ နိစ္စသီလလို့ ခေါ်ပါတယ်။ သူတော်ကောင်းတို့ အမြဲအလေးဂရုပြုရလို့ ဂရုဓမ္မသီလလို့လဲ ခေါ်ပါတယ်။


ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံသမာဒိယာမိဆိုတဲ့ ပါဠိက ဘာဆိုလိုသလဲ?

အဲဒီပါဠိက သူတစ်ပါးအသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို ငါဆောက်တည် ပါ၏လို့ ဆိုလိုပါတယ်။


ကာမေသုမိစ္ဆစာရာစတဲ့ ပါဠိက ဘာဆိုလိုသလဲ ?

သူတစ်ပါးသားမယားနှင့် ဖောက်ပြား ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို ဆောက်တည်ပါ၏လို့ ဆိုလိုပါတယ်။


မုသာဝါဒါ စတဲ့ ပါဠိက ဘာကို ဆိုလိုသလဲ ?

မဟုတ်မမှန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို ဆောက်တည်ပါ၏လို့ ဆိုလိုပါတယ်။


သုရာမေရယစတဲ့ ပါဠိရဲ့ အဓိပ္ပာယ်က ဘာလဲ ?

အရက်သေစာ သောက်စား မှုးယစ်ခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို ဆောက်တည်ပါ၏လို့ ဆိုလိုပါတယ်။

No comments:

Post a Comment