တစ်ခါက သူဋ္ဌေးကြီးတစ်ယောက် ရှိသတဲ့။ သူက သူဌေးဆိုတော့ သူများတွေသူ့ကိုချစ်ခင်အောင် လေးစားအောင်ဆိုပြီး အလှူဆိုရင်ပထမတဲ့ ။ တစ်ခုခုဆို လှူတယ် ကူလိုက်တယ်။ဒါပေမယ့် သူကညဘက်ဆို သူ့ပစ္စည်းတွေပြန်တွက်တယ်။ အင်းဒီနေ့တော့ ဘယ်လောက်လှူလိုက်တာ လျော့သွားပြီပေါ့။ လှူသာလှူတာ သူ့စိတ်ထဲမှာ နှမြောတွန့်တိုနေတယ်လေ။ ဒါနဲ့ တစ်နေ့ သူစီးပွားပျက်ပြီးတော့မှ လမ်းဘေးကိုရောက်သွားခဲ့တယ်။
စားစရာတောင်မရှိလို့ ထမင်းဆိုင်တွေမှာ ထမင်းလိုက်တောင်းစားတာလေ။ ဒါနဲ့ ထမင်းဆိုင်ကလူက ထမင်းတစ်ပန်ကန် ပေးလိုက်တယ်။ အဲ့အချိန်မှာဖြစ်ချင်တော့ ခွေးမပိန်ပိန်လေးက အရိုးဂေါက်ဂက်နဲ့ သူ့ဘေးနားမှာ လာထိုင်နေရှာတယ်။ သူကတစ်လုပ်စားတော့မယ်ကြံရင် ခွေးပိန်မကြီးက ကြည့်နေတယ် ။
ဒါနဲ့သူမမျိုကျတော့ပဲ သူမစားပဲ ခွေးမကြီးကိုသနားပါတယ်ဆိုပြီး ချကျွေးလိုက်တော့တယ်။ အဲ့လိုနဲ့ ငတ်ပြတ်ပြီး တစ်နေ့မှာသေသွားခဲ့တယ်။ ယမမင်းဆီရောက်တော့ သူ့ကို စစ်ဆေးတယ်။ ငရဲပြည့်မှာ ချိန်ခွင်လေးရှိတယ်တဲ့ မင်းဟိုဘ၀က ဘာကုသိုလ်တွေလုပ်ခဲ့လဲမေးတယ်။ သူကပြောတယ်။ ကျွန်တော် ဆင်းရဲတော့သာ ကူမဲ့သူမရှိတာ ချမ်းသာခဲ့စဉ်က အလှူအတန်းတွေ သိပ်လုပ်ခဲ့ပါတယ်။ သူလှူခဲ့တာတွေ ရွတ်ပြတာပေါ့။ ယမမင်းချိန်ခွင့်က ငရဲဘက်ကိုပဲအလေး သာနေတယ်တဲ့လေ။
ဒါနဲ့ သူဘယ်လိုပြောပြော သူလှူခဲ့တာတွေက စေတနာမဖြူစင်ခဲ့လေတော့ ဘယ်လိုမှ ချိန်ခွင့်က နတ်ပြည်ဘက်ကို မကျဖူး။ ဒါနဲ့နောက်ဆုံးတော့ သူစဉ်းစားလိုက်တော့ ကျွန်တော် စားမယ့်ဟာကို အငတ်ခံပြီး ခွေးပိန်မကြီးကို ကျွေးခဲ့ဖူးတယ် ဆိုပြောလိုက်မှ ငရဲဘက်က လျော့ပြီး နတ်ပြည်ဘက်ကို အလေးသာသွားခဲ့တယ်။
ဒါကြောင့် အလှူဆိုတဲ့နေရာမှာ နည်းတာများတာက အဓိကမဟုတ်ပါဖူးလို့ ပြောကြတာပါ။ ညောင်ပင်ကြီးလောက်လှူပေမယ့် စေတနာမဖြူစင်ရင် ညောင်စေ့လောက်တောင် ကုသိုလ်မရပါဖူး။ ခုက ညောင်စေ့လောက်လှူလိုက်တာက ဖြူစင်တော့ ညောင်ပင်ကြီးလောက် ကုသိုလ်ရသွားတာပါပဲ ။
အဲ့ဒါကြောင့် လမ်းမှာ ငတ်ပြတ်နေတဲ့ လူတွေ တိရိစ္ဆာန်တွေတွေ့ရင် တတ်နိုင်သလောက် လှူဒါန်းစွန့်ကြဲကြပါ။ စေတနာသန့်သန့်လေးနဲ့ဆို ဒီဘ၀မှာ ဘာမှမဟုတ်တဲ့ မုန့်တစ်ခု ၁၀၀ တန်လေးတစ်ရွက်ဟာ စေတနာသာမှန်ခဲ့မယ်ဆိုရင်ဖြင့် နောက်ဘ၀မှာ အရိပ်ကောင်းတဲ့ ညောင်ပင်ကြီး ဖြစ်လာနိုင်ပါတယ်။ လှူကြပါ တက်နိုင်သလောက် လှူကြပါ။ အနည်းအများကအဓိကမဟုတ်ပါဖူး စေတနာသဒ္ဓါတရားကသာလျှင် အဓိကဖြစ်ပါတယ်ရှင်။
သူငယ်ချင်းတစ်ယောက်ကို ပုံပြောပြရင်းရေးလိုက်မိတဲ့ ပိုစ့်လေးမို့ မကောင်းသည်ရှိသော် ရေးထားတာ လွဲချော်ခဲ့သည်ရှိသော် ဆုံးအောင် ဖတ်ပေး နော်။ ယနေ့ထိ တင်သမျှပိုစ့်လေးတွေကို မပြတ်မကွက် လာရောက်အားပေးနေကြသော သူငယ်ချင်းများအား တောသူမလေးမှ အထူးကျေးဇူးတင် ပါတယ်ရှင်။
No comments:
Post a Comment