သီလဟာ တောင်းလို့ ပေးလို့ မရပါဘူး။ ကိုယ်တိုင် ရှောင်ကြဉ်စောင့်ထိန်းရတဲ့အမှု ဖြစ်ပါတယ်။ ဘုန်းကြီး ကလဲ သူ့မှာရှိတဲ့ သီလကို ခွဲဝေ ပေးကမ်းလိုက်တာ မဟုတ်ပါဘူး။ ဘာသာရေးကိစ္စ ဖြစ်တဲ့အတွက် စနစ်တကျ မှန်မှန်ကန်ကန် တိတိကျကျဖြစ်ဖို့ သီလဆောက်တည်ပုံ ဆောက်တည်နည်းကို ဘုန်းကြီးက ရှေ့က ချပေး ဆိုပေးတာ ဖြစ်ပါတယ်။ လူတွေကလဲ အဲဒီလို ချပေး ဆိုပေးပါဘုရားလို့ တောင်းပန်တာ ဖြစ်ပါတယ်။
ဒါကြောင့် သီလတောင်းတယ်ဆိုတာ ရှေ့က ဆိုပေးဖို့ တောင်းပန်တာဖြစ်ပြီး သီလပေးတယ် ဆိုတာကလဲ ရှေ့က ဆိုပေးတာသာ ဖြစ်တယ်လို့ မှတ်ယူနိုင်ပါတယ်။
အေးလေ ဘုန်းကြီး သီလပေးတိုင်းသာ ရကြရင် အားလုံး နိဗ္ဗာန်ရောက်ကုန်မှာပေါ့ .
ReplyDelete