ဓမ္မပဒမှာ အဂ္ဂဒတ္တရသေ့က ဥယျာဉ်ခြံ၊ သစ်ပင်၊ နတ်ကွန်း၊ တော၊ တောင်တွေကို ကိုးကွယ် ဆည်းကပ်ကြလို့ ဟောတဲ့အတွက် လူတွေက ရှိခိုးပူဇော်ကြတယ်။
ဘုရားရှင်က ဒါတွေကိုးကွယ်လို့ ဘေးရန်မပျောက်ဘူးလို့ ဟောတယ်။ ရတနာသုံးပါးကို ကိုးကွယ်မှ ဘေးရန်ပျောက်တယ်လို့ ဟောတယ်။ သစ်ပင်ကြီးတွေကို ရှိခိုးတာက သစ်ပင်စောင့်နတ်၊ ရုက္ခစိုးနတ်ကို ရှိခိုးတာ ဖြစ်တယ်။ ဗောဓိပင် ရှိခိုးတာက ဒီဗောဓိပင်မှာ ပွင့်သွားတဲ့ဘရားရှင်ကို ရှိခိုးတာဖစ်ြတယ်။ ဗောဓိပင်ဟာ ဘုရားရှင်ကို သတိရစေကြောင်း အထောက်အပံ့သာ ဖြစ်တယ်။
ဒါကြောင့် ဗောဓိပင်ကို ပူဇော်ရာ ပရိဘောဂစေတီလို့ ဟောတာဖြစ်တယ်။ ပင်ကို ပူဇော်ရာ ပရိဘောဂစေတီလို့ ဟောတာဖြစ်တယ်။
No comments:
Post a Comment