ကောသလ သံယုတ်မှာ သူဌေးကြီး တစ်ဦးဟာ သိန်း၈၀-ကြွယ်ဝပါတယ်။ မစားရက်၊ မလှူရက်ဘူး၊ နေ့စဉ် ပုန်းရည်နဲ့ ဆန်ကွဲထမင်းစားတယ်။ သူသေတော့ သူ့ပစ္စည်း ဘုရင်သိမ်းသွားပါတယ်။ ဒါကို အကြောင်းပြုပြီး ဘုရားရှင်က -
လူသူမရှိရာ တောထဲ၌ ဘယ်သူမျှ သောက်သုံးရခြင်း မရှိဘဲ ခြောက်ခန်းသွားသော ရေကန်ကြီးပမာ လူညံ့များ ဥစ္စာရသော် မိမိလည်း မစားရက်၊ သူတစ်ပါးကိုလည်း မပေးရက်ကြ။ ပညာရှိကား ဥစ္စာရသော် မိမိလည်း သုံးစား။ အများကိစ္စလည်း ဆောင်ရွက်လျက် ဆွေမျိုးအပေါင်းကို ကျွေးမွေးကာ အကဲ့ရဲ့ မခံရ။ အချီးမွမ်းသာခံရ၍ သေသော် နတ်ပြည်သို့သာ ရောက်ရ၏။ လို့ ဟောထားပါတယ်။
ဒီတော့ ကိုယ်ရှာလို့ ရရှိတဲ့ ပစ္စည်း ဥစ္စာကို ပညာရှိသုံး သုံးနိုင်ကြဖို့ အထူးသတိပြုသင့်ပါတယ်။
တောသူမလေးရှင်...ဖတ်ရင်းတွေးရင်း။
ReplyDeleteတွေးရင်းဖတ်ရင်း....ဘဝသံသရာကြီးမှ
လွတ်မြောက်ချင်ပါဘိ။ :)။
ခင်မင်လေးစားလျှက်....ခင်မာလာအောင် :)
ဟုတ်ပ ကူးမမ ကုန်တဲ့နေရာမှာ ၃ မျိုးရှိတယ်ဗျ...
ReplyDeleteသုံးဖြုံးလို့ ကုန်ရင်ကုန်
ပျက်စီးလို့ကုန်ရင်ကုန်
လှူလို့တန်းလို့ကုန်ရင်ကုန်တဲ့
တစ်ခုပဲကိုယ်ဖို့ပါတယ်လေ... လှူတယ်ပေးတယ်ဆိုတာ
ကိုယ့်အတွက်ပါပဲ လူတွေကမသိလို့ပါဗျး)