Tuesday, 28 September 2010

ရပ်ပြစ်ရှစ်ပါးဆိုတာ ဘာလဲ?

ရပ်ပြစ်ရှစ်ပါးဆိုတာက အပြစ်ရှိတဲ့ အရပ်နေလျှင်မဂ်ဖိုလ်နိဗ္ဗာန်ကို ရောက်အောင် တရားအားထုတ်ရန် အခွင့်အခါ မရလို့ အပြစ်ရှိတဲ့အရပ်၊ အပြစ်ရှိတဲ့ဘ၀လို့ ဆိုရတယ်။ ပါဠိတော်မှာ အက္ခဏလို့ ခေါ်ပါတယ်။ မဂ်ဖိုလ်နိဗ္ဗာန်ကို မရနိုင်တဲ့ကာလ(ဒေသ)လို့ ဆိုလိုပါတယ်။ အပါယ်လေးပါး ရှိတဲ့အနက် အသူရကာယ်ကို ပြိတ္တာအမျိုးအစားထဲ ထည့်ပြီး -

(၁) ငရဲ၊

(၂) တိရစ္ဆာန်

(၃) ဗြိတ္တာ

(၄) အသညသတ်နဲ့ အရူပဗြဟ္မာဘုံ၊

(၅) သာသနာ မရောက်နိုင်တဲ့ နယ်စွန်နယ်ဖျား လူရိုင်းဒေသ၊

(၆) သာသနာကို မယုံကြည်တဲ့ မိစ္ဆာဒိဌိလူမျိုး ဖြစ်ခြင်း၊

(၇) တရားတော်ကို နားလည်နိုင်သောဥာဏ် မရှိသူဖြစ်ခြင်း၊

(၈) ဘုရားမပွင့်တဲ့အခါ လူလာဖြစ်ခြင်း၊

အဲဒီအရပ်ရှစ်မျိုးမှာ ရောက်နေတဲ့ သတ္တ၀ါတွေဟာ တရားတော်ကို နာကြားခွင့် မဂ်ဖိုလ်နိဗ္ဗာန် ရောက်ကြောင်း တရားကို အားထုတ်ခွင့် မရတဲ့အတွက် ထိုဒေသတွေကို ရောက်မှာကို ဗုဒ္ဓဘာသာဝင်တွေ ကြောက်ကြတယ်။ ဒါကြောင့် ဒီသြကာသ ဆုတောင်းထဲမှာထည့်ပြီး ဆုတောင်းထားခြင်း ဖြစ်ပါတယ်။

1 comment:

  1. အကယ်၍ သံသရာတွင်းမှ မကျွတ်လွတ်သေးပဲ ကျင်လည်ခဲ့ရသည် ရှိသော်။ ရပ်ပြစ်ရှစ်ပါး မှ ကင်းလွတ်ရပါလို၏။ အဟိ သံသရာ ကလွတ်အောင် လုပ်မှ လုပ်ရသေးတာ ။ဂြီ

    ReplyDelete