Saturday, 18 September 2010

ဓမ္မံ ပူဇေမိမှာ ဘာတွေကို ဘာ့ကြောင့် ဓမ္မ=တရားလို့ ခေါ်သလဲ?


သောတာပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ် ၄-ပါး၊ သောတာပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ်ဆိုတဲ့ ဖိုလ်လေးပါး၊ တပ်မက်စွဲလမ်းတတ်တဲ့ တဏှာကုန်ခန်းရာ နိဗ္ဗာန်နဲ့ နိကာယ်ငါးရပ် ပိဋကတ်သုံးစုံဆိုတဲ့ ပရိယတ္တိ ဓမ္မတွေကို ပါဠိလို ဓမ္မ၊ မြန်မာလို တရားလို့ခေါ်ပါတယ်။

ဒီ မဂ်ဖိုလ် နိဗ္ဗာန်တစ်ခုခုကို ရရှိထားတဲ့ ပုဂ္ဂိုလ်နဲ့ ပရိယတ္တိ ဓမ္မက္ခန်ကို သင်အံနေတဲ့ ပုဂ္ဂိုလ်ကို အပါယ်လေးပါးသို့ မကျအောင် ဆောင်ထား ဆွဲထားနိုင်တဲ့ အတွက်ကြောင့် အဲဒီ တရား ၁၀-ပါးကို ပါဠိလို ဓမ္မ၊ မြန်မာလို တရားလို့ ခေါ်ပါတယ်။

No comments:

Post a Comment