မဆန့်ကျင်ပါဘူး၊ ရှင်ဝက္ကလိထေရ်ကို မိန့်တုန်းကလိုပဲ အထက်တန်းကျလာတဲ့ လောကုတ္တရာကုသိုလ်တွေရဖို့ ရဟန်းဝတ်နေကြတဲ့ ဘုရားသားတော် သံဃာတော်တွေအဖို့ အလောင်းတော်ကို ပူဇော်တာ လောကီကုသိုလ် ရှာမှီးရန်မဟုတ်၊ သင်္ခါရတွေကို သုံးသပ်ဆင်ခြင် သတိပဌာန်းလေးပါးရူပွားပြီး အရတ္တဖိုလ်ရအောင် အားထုတ်တာမျိုးဟာ ဘုရားသားတွေရဲ့ အလုပ်ဖြစ်တယ်။
ပူဇော်သက္ကာရ ပြုတယ်ဆိုတာက ဘုရားသားတော်တွေမဟုတ်တဲ့ လူတွေ နတ်တွေရဲ့ အလုပ်ဖြစ်တယ်။ အရဟတ္တဖိုလ်ရအောင် အားမထုတ်နိုင်သေးတဲ့ လူတွေ နတ်တွေကတော့ ဓာတ်တော်တွေ စေတီလေးပါးတွေကို ပူဇော်ခြင်းဖြင့် အပါယ်တံခါးပိတ်ပြီး လူ့ပြည် နတ်ပြည်တံခါးကို ဖွင့်ကြလိမ့်မယ်လို့ ဆိုလိုပါတယ်။
ဒါကြောင့် အထက်မှာ ဟောခဲ့တဲ့ ဒေသနာနှစ်ခုဟာ မဆန့်ကျင်ပါဘူး။ ဒါကြောင့် ဘုရားရှင်ရဲ့ စေတီ(၄)မျိုးကို ယုံယုံကြည်ကြည်နဲ့ ကိုးကွယ်ဆည်းကပ် ပူဇော်ကြရမယ်။

No comments:
Post a Comment