သီလ ဆောက်တည်သူချင်း တူပေမယ့် ကုသိုလ် အတူတူမရကြပါဘူး။ သီလဆောက်တည်သူရဲ့ စိတ်စေတနာအလျောက် အနိမ့်၊ အလတ်၊ အမြတ် ၃-မျိုးကွာခြားပါတယ်။ ဘယ်သူဟာ သီလ အတော်မြဲတဲ့ လူပဲလို့ ဘေးလူတွေက အထင်ကြီးအောင် အချီးမွမ်းခံရအေင် စောင့်ထိန်းတဲ့ သီလဟာ အနိမ့်စားဖြစ်တယ်။
လူ့ပြည်နတ်ပြည်မှာဖြစ်ပြီး စည်းစိမ်ဥစ္စာ ခံစားနိုင်ဖို့ ရည်ရွယ်ဆောက်တည်တဲ့ သီလဟာ အလတ်စား ဖြစ်ပါတယ်။
သီလစောင့်သုံးခြင်းဟာ အရိယာသူတော်ကောင်းတွေရဲ့ အကျင့်ဖြစ်သည်ဟု ခံယူပြီး စောင့်ထိန်းတဲ့ သီလဟာ အမြတ်စား ဖြစ်တယ်။
စောင့်ထိန်းရတာချင်းအတူတူ အလတ်စား၊ အမြတ်စား သီလမျိုးဖြစ်အောင် စောင့်ထိန်းဖို့ အထူးလိုအပ် ပါတယ်။
No comments:
Post a Comment