Sunday, 19 September 2010

မေတ္တာ မပွားခင် ဘာလုပ်ဖို့လိုသလဲ?

သူတပါးရဲ့ အကျိုးစီးပွားကို လိုလားခြင်း၊ ဆင်းရဲဒုက္ခရောက်နေတဲ့ ဒုက္ခိတသတ္တ၀ါတွေကို ဒုက္ခာမုစ္စန္တု-ဆင်းရဲဒုက္ခမှ ကင်းလွတ်ကြပါစေလို့ ပွားများတာကို ကရုဏာ သနားကြင်နာခြင်းလို့ ခေါ်ပါတယ်။

မေတ္တာ ဘာဝနာကိုမပွားခင် ဒေါသရဲ့ အပြစ်အနာအဆာတွေကို သဘောပေါက်အောင် ဆင်ခြင်သုံး သပ်ဖို့လိုတယ်။ သည်းခံခြင်း၊ ခန္တီတရားရဲ့ အကျိုးအာနိသင်တွေကို ဆင်ခြင်သုံးသပ်ဖို့လိုပါတယ်။

ဘာကြောင့်လဲဆိုတော့ မေတ္တာပို့တယ်ဆိုတာ ဒေါသကို ပယ်ဖျောက်ပြီးတော့ သည်းခံခြင်း အလေ့အကျင့်ကို မွေးမြူကြတာဖြစ်ပါတယ်။ အပြစ်အနာအဆာတွေကို သေသေချာချာ သိမြင်ပြီးမှလဲ တစ်ခုခုကို ပယ်စွန့်နိုင်လို့ လွယ်ကူပါတယ်။ အကျိုးအာနိသင်တွေကို ထင်ထင်ရှားရှား မြင်ထားမှလဲ ရအောင်ကြိုးစား အားထုတ်ချင်ပါတယ်။

ဒါကြောင့် မေတ္တာမပို့ခင် ဒေါသရဲ့အပြစ် သည်းခံခြင်းရဲ့အကျိုးတွေကို ဆင်ခြင်အောက်မေ့ဖို့ လိုပါတယ်။

မေတ္တာသုတ်မှာတော့ မေတ္တာမပွားခင် ကြိုတင်ပြီး ကျင့်ကြံအားထုတ်ရမယ့်တရား ၁၅ပါးကို ဟောထားပါတယ်။ မေတ္တာပုဗ္ဗဘာတရား ၁၅-ပါးလို့ ခေါ်ပါတယ်။ အဲဒီ မေတ္တာရှေ့ပြေးတရား ၁၅-ပါးကတော့ ရှေ့မေတ္တာသုတ် ပရိတ်တော်ရဲ့ မြန်မာပြန်မှာ စွမ်းနိုင်ရမယ်က ဒုစရိုက်မှုကို အနည်းငယ်မျှသော်လဲ မကျင့်ရား အထိ ၁၅-ပါပဲ ဖြစ်ပါတယ်။ အဲဒီမှာပဲ ပြန်ကြည့်မှတ်ကြပါ။ မေတ္တာမပွားမီ အဲဒီတရား ၁၅-ပါးနဲ့ ပြည့်စုံအောင်လုပ်ပြီးမှ မေတ္တာပွားကြပါ။

No comments:

Post a Comment