Saturday, 25 September 2010

ဘုရားက စိတ်နဲ့ စီးဖြန်းဖို့ ဟောတာကို လူတွေက ဘာဖြစ်လို့ ပုတီးစိပ်နဲ့ လုပ်ပါသလဲ?

ဘုရားက စိတ်နဲ့ စီးဖြန်းဖို့ ဟောပေမယ့် လူတွေက ပုတီးစိပ်နဲ့ စီးဖြန်းတာ အကြောင်းရှိပါတယ်။ ကမ္မဌာန်းဘာဝနာ ပွားတယ်ဆိုတာက စိတ်တည်ငြိမ်မှုအတွက် ဖြစ်ပါတယ်။ စိတ်ကပျံ့လွင့်တဲ့သဘော၊ လျင်မြန်တဲ့ သဘောရှိပါတယ်။

ထိုထိုအာရုံတွေကို အနှံ့ရောက်သွားတတ်တယ်။ ဒီလို အဖမ်းရခက်တဲ့အတွက် ပုတီးဆိုတဲ့ ရုပ်ဝတ္ထု အကူအညီယူပြီး ရှေးဆရာတော်ကြီးတွေက စီစဉ်ခဲ့ပုံရပါတယ်။ ပုတီးစိပ်က လက်မှာရှိနေတော့ စိတ်ဟာ တခြားကို ပျံ့လွင့်သွားဦးတော့ ချက်ချင်း ပြန်သတိရပြီး ဂုဏ်တော်တွေကို အောက်မေ့ သတိရဖိုအတွက် ရုပ်ပွားစေတီတွေ တည်ထားပေးရသလိုပါပဲ။ ကမ္မဌာန်းအားရုံမှာ စိတ်မြဲနေဖို့ ပုတီးစိပ် အသုံးပြုနည်းကို ရှေးဆရာတော်တို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ ပုတီး မပါဘဲ ဂုဏ်တော်တွေကို ဆင်ခြင်တာနဲ့ ပုတီးကိုင်ပြီး ဂုဏ်တော်တွေကို ဆင်ခြင်တာ ဘယ်သူက စွဲမြဲမှု ရှိတယ်ဆိုတာကို လက်တွေ့ လုပ်ကြည့်ရင် ပုတီးစိပ်ရဲ့ အကျိုးကို သိနိုင်ပါတယ်။ ဒီလို အကျိုးလက်တွေ့ရှိလို့ ပိဋကမှာ မပါပေမယ့် ရှေးဆရာတော်တွေက စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

No comments:

Post a Comment