မမှန်ပါဘူး။ အထက်မှာ ပြခဲ့တဲ့အတိုင်း လူတစ်ယောက်ဟာ တစ်ယောက်ကို မေတ္တာစိတ် ၄-ခုနဲ့သာ ချစ်နိုင်ပါတယ်။ လူတစ်ယောက်ကို မေတ္တာ ၄-ခုသာ ပို့နိုင်ပါတယ် အထက်ပါ ၅၂၈-သွယ် မေတ္တာပို့ကို ကြည့်ရင် ရှင်းလင်းပါလိမ့်မယ်။
ရှေးခေတ်က မေတ္တာစာ အချို့မှာ “ငါးရာနှစ်ဆယ့်ရှစ်သွယ် မေတ္တာ သွန်းလောင်းကာဖြင့်” စတဲ့ ပုဂ္ဂိုလ်တစ်ဦးဆီ ရေးတဲ့ မေတ္တာစာထဲမှာ မှားယွင်းသုံးနူန်းလာခဲ့တာ ဖြစ်ပါတယ်။
တစ်နည်းအားဖြင့်တော့ ပြောသူရဲ့ ရည်ရွယ်ချက်က ကိလေသာချစ်နဲ့ မချစ်ဘူး။ မေတ္တာချစ်နဲ့ပဲ ချစ်တယ်လို့ ပြောလိုတာကို မေတ္တာချစ်လို့ မပြောဘဲ ငါးရာနှစ်ဆယ့်ရှစ်သွယ်မေတ္တာနဲ့ ချစ်တယ်လို့ အသုံးအနူန်း လွဲမှားသုံးမိတယ်လို့ ယူဆနိုင်ပါတယ်။
No comments:
Post a Comment