Wednesday, 22 September 2010

ကိုယ်ရပြီးတဲ့ ကုသိုလ်တွေကို အမျှပေးဝေလိုက်လို့ ကိုယ့်မှာ လျော့သွားပါသလား?

မလျော့ပါဘူး။ ဆီမီးတိုင်တစ်တိုင် ထွန်းထားရာမှ အခြားဆီမီးတိုင်တွေက လာကူးထွန်းတဲ့အခါ မှုလမီးတိုင်မှာ အလင်းရောင် လျော့မသွားတဲ့ပြင် နောက်ထပ် ကူးထွန်းတဲ့မီးရောင်တွေ အကူအညီရလို့ ပိုပြီးတောင် လင်းလာသလို မှုလကုသိုလ်ရှင်မှာလဲ ကုသိုလ်မလျော့တဲ့အပြင် ပတ္တိဒါနကုသိုလ်တစ်ခု အပိုထပ်ပြီး ရပါသေးတယ်။ ဒါကြောင့် ကုသိုလ်ပြုပြီးရင် အမျှဝေဖို့ လုံးဝ မမေ့ပါစေနဲ့။

No comments:

Post a Comment