Tuesday, 21 September 2010

တစ်ရာ သုံးဆယ့် နှစ်သွယ် ဥပေက္ခာပွားပုံကို ဖော်ပြပါ?

သဗ္ဗေသတ္တာ ကမ္မသကာ=အားလုံး သတ္တ၀ါ ကံတရားသာ ကိုယ်ပိုင်ဥစ္စာ ရှိကြတယ်။ …သဗ္ဗေ၀ိနိပါ တိကာ ကမ္မသကာ=အပါယ်ဘုံ သတ္တ၀ါကံတရားသာ ကိုယ်ပိုင်ဥစ္စာ ရှိကြတယ်လို့ ဥပေက္ခာ ၁၂-မျိုးကို ပွားနိုင်ပါတယ်။

ပုရတ္ထိမာယ ဒိသာယ သဗ္ဗေသတ္တာ သမ္မသကာ=အရှေ့အရပ်ရှိ သတ္တ၀ါ ကံတရားသာ ကိုယ်ပိုင်ဥစ္စာ ရှိကြတယ် စသည်ဖြင့် အရပ်ဒေသ တစ်ခုမှာ ပုဂ္ဂိုလ် ၁၂-ယောက်ကို ၁၂-ခါ ပွားရမယ်။ အရပ် ၁၀-မျက်နှာ ဥပေက္ခာ ၁၂၀ ရမယ်။ အရပ်မသတ်မှတ်တဲ့ ဥပေက္ခာ ၁၂-နဲ့ ပေါင်းလိုက်ရင် တစ်ရာ့သုံးဆယ့်နှစ်သွယ် ဥပေက္ခာ ဖြစ်ပါတယ်။

No comments:

Post a Comment