Friday, 10 September 2010

အနန္တငါးပါး ဘုရားရှိခိုးကို ဗုဒ္ဓဘာသာတိုင်း ဘာကြောင့် နှစ်သက်ကြသလဲ?


ဗုဒ္ဓဘာသာတွေဟာ မိဘနဲ့ ဆရာသမားကို ဘုရား၊ တရား၊ သံဃာ၊ ရတနာသုံးပါးနဲ့ တစ်ဂိုဏ်းတည်း ထားတယ်။ ဒါပေမယ့် မိဘနဲ့ ဆရာသမားရှိခိုးရယ်လို့ သီးသန့်ရေးထားတာ မတွေ့ရဘူး။ ဒီအနန္တငါးပါး ဘုရားရှိခိုးထဲမှာပဲ မိဘနဲ့ ဆရာအတွက် ရှိခိုးဖို့ပါတယ်။ ပြီးတော့ ဒီအနန္တငါးပါး ဘုရားရှိခိုးက မြန်မာလို ကဗျာလင်္ကာနဲ့ ရေးထားတော့လွယ်ကူပါတယ်။

ဒါကြောင့် ဗုဒ္ဓဘာသာဝင်တိုင်းဟာ ငယ်စဉ်ကတည်းက အနန္တငါးပါးဘုရားရှိခိုးကို ရကြတာများပါတယ်။ မရသေးတဲ့ သူတွေ ကျက်မှတ်ရှိခိုးနိုင်ဖို့ ရေးထည့်ပေးလိုက်ပါတယ်။

အနန္တငါးပါး ဘုရားရှိခိုး

(၁) ဗုဒ္ဓဂုဏော၊ အနန္တောဟု၊ ကျော်စောထင်ရှား၊ သုံးပါးရပ်သူ၊ နတ်လူဗြဟ္မာ၊ သတ္တ၀ါကို၊ ခေမာသာခေါင်၊ နိဗ္ဗာန်အောင်သို့၊ ရွှေဖောင်မဂ္ဂင်၊ သင်္ဘောယာဉ်ဖြင့်၊ ကယ်တင်ဆောင်ယူ၊ ပို့တော်မှုသည့်၊ နတ်လူတို့ထိပ်ပန်၊ ရဟန်းတို့ဆရာ၊ အစိန္တေယျာ မဟာအမိတ။ အနန္တဂုဏ်အင်၊ ကျေးဇူးရှင်ကို ။ အဟံ၊ တပည့်တော်သည်။ ၀န္ဒာမိ၊ သဒ္ဓါညွတ်ကျိုး၊ အလွန်မြတ်နှိုးလျက် ရှိခိုးပါ၏ အရှင်ဘုရား။

(၂) ဓမ္မဂုဏော အနန္တောဟု တည်သောကမ္ဘာ သတ္တ၀ါ လူနတ်၊ အထပ်ထပ်ကို လေးမြတ်ကြင်နာ အ၀ိဇ္ဇာနှင့် တဏှာသံယော ကိလေတောမှ ဆေးကြောသုတ်သင် မြူမတင်အောင် ရှောင်ကြဉ်ပေတတ် တရားတော်မြတ်ကို။ အဟံ၊ တပည့်တော်သည်။ ၀န္ဒာမိ၊ သဒ္ဓါညွတ်ကျိုး လွန်မြတ်နှိုးလျက် ရှိခိုးပါ၏ဘုရား။

(၃)သံဃဂုဏာ အနန္တောဟု လောဘ ဒေါသ မောဟ ကင်းကွာ တဏှာကာမကိလေသနှင့် ရာဂအမိုက် နှစ်ခြိုက်မပျော် မမွေ့လျော်ဘဲ ရှင်တော်ဟောကြား မြတ်တရားကို မှတ်သား ကြည်ညို မင်္ဂဖိုလ်နိဗ္ဗာန်ရောက် ကြောင်းမှန်သည့် မြတ်မွန်ထေရ်ကျော် သံဃာတော်ကို ဂုဏ်တော်ကြီးစွ အနန္တကို။ အဟံ၊ တပည့်တော်သည်။ ၀န္ဒာမိ၊ သဒ္ဓါရွှင်မြူး ဂုဏ်ရည်စူးလျက် ကြည်နူးကြည်သာ ရှိခိုးပါ၏ အရှင်ဘုရား။

(၄)မာတာပိတုဂုဏော အနန္တောဟု အပြောကျယ်စွာ သံသရာဝယ် မာတာပိတာ မိနှင့်ဘတို့ ရေကြည်ကာလလ တည်ဦးစပင် ချိုချဉ်ပူစပ် ရှင်းရှင်းပြတ်အောင် မပြတ်ယုယ မိဘတို့မှာ စိုးရိမ်စွာနှင့် အစာဆိမ့်အေး နို့ချိုပေး၍ ကျွေးသည့်မိခင် မွေးအရှင်ကို။ အဟံ၊ တပည့်တော်သည်။ ၀န္ဒာမိ၊ ဂုဏ်တော်ရည်စူး စိတ်ကြည်နူးလျက် ရွှင်မြူးသဒ္ဓါ ရှိခိုးပါ၏ အရှင်ဘုရား။

(၅) အာစရိယဂုဏော အနန္တောဟု မိန့်ဟောအရ ကောက်ယူပြသော် နယနည်းနာ အဖြာဖြာကို လိမ်မာစေကြောင်း မေတ္တာလောင်း၍ မကောင်းကိုကြဉ် ကောင်းရောယှဉ်လျက် နူတ်မြွတ်သံချို ဆုံးမဆိုသား အတိုးများစွား သံသရာဝယ် သုံးသွယ်သောကပ် လေးရပ်အပါယ် ရှစ်သွယ်ရပ်ပြစ် ဆိုးညစ်ယုတ်မာ ငယ်စွန့်ခွာ၍ ခေမာဘုမ္မိဘေးမရှိသည့် သန္တိသုခမုချဧကန် နိဗ္ဗာန်အရောက် ညွှန်ပြသွန်သွင် ပဲ့ပြင်ပေတတ် ဆရာမြက်ကို။ အဟံ၊ တပည့်တော်သည်။ ၀န္ဒာမိ၊ စိတ်ကြည်နူးလျက် ရွှင်မြူးသဒ္ဓါ ရှိခိုးပါ၏ အရှင်ဘုရား။

No comments:

Post a Comment