Saturday, 25 September 2010

စွန့်လွှတ်ပေးကမ်းမူဟူသမျှကို ဒါနလို့ ခေါ်ရပါသလား?

ကြောက်၍ ပေးခြင်း၊ ပြန်ပေး ဓားပြတွေကို ငွေပေးရခြင်းမျိုး၊ လာဘ်ကို မျှော်ကိုး၍ ပေးခြင်း၊ သူတို့ဆီက လက်ဆောင်လိုချင်၍ ကိုယ်က လက်ဆောင်ယူသွားခြင်းမျိုး၊ ချစ်ကြိုက်၍ ပိုးကြေးပန်းကြေး ပေးခြင်းမျိုးမှာ ဒါနမဖြစ်ပါ။

ဒါနံ နာမ ပရံ ဥဒ္ဒိဿ သုဗုဒ္ဓိ ပုဗ္ဗိကာ အန္နာဒိဒသဒါန၀တ္ထု ပရိစ္စာဂစေတနာ=ဒါနဆိုတာ သူတစ်ပါးကို ရည်ရွယ်၍ ကံ ကံ၏အကျိုးကို ယုံကြည်သော ကမ္မဿကတဥာဏ် ရှေ့သွားရှိတဲ့ စွန့်လှူကြောင်း စေတနာ၊ ထိုစေတနာအရ ပေးလှူမှုကိုသာ ဒါနလို့ ခေါ်ရပါတယ်။

No comments:

Post a Comment