မြန်မာအမည် - ဗောက်ပင်
တစ်နှစ်ခံ ပင်ပျော့မျိုး ဖြစ်သည်။ အဆစ်များတွင် အနည်းငယ်ဖောင်းပြီး ရွက်လွှဲထွက်၏။ ရွက်ထိပ်ချွန်၍ ရွက်နားတွန့် ကျဲသည်။ တစ်ပွင့်တည်း ကြားထွက်သည်။ အပွင့်မှာ သေးငယ်၍ အ၀ါရောင်ပွင့်၏။ အသီးမှာလည်း သေးငယ်လုံးဝိုင်းသော သဏ္ဌာန်ရှိသည်။ ပါးလွှာသော အစိမ်းရောင် ပွင့်ဖတ်က အုံထားသည်။ အသီးမှည့်ကို စားသုံးနိုင်သည်။ ချိုသော အရသာရှိ၏။ ဆောင်းရာသီတွင် စားသုံးနိုင်သည်။
ဆီးခိုးရိုက်သဖြင့် မျက်စိ မူန်ခဲ့သော် ဗောက်သီးကို စားပေးခြင်းဖြင့် ပျောက်ကင်းသည်။
No comments:
Post a Comment