Wednesday, 20 October 2010

သစ္စာပန္နက်-အောင်ရှစ်ချက် ဂါထာပါဠိ

သစ္စာပန္နက်-အောင်ရှစ်ချက် ဂါထာပါဠိ

ဇယစက္ကော ဇယန္တော ယော၊ ဇယိတဗ္ဗေ ဇယာသနေ။

ဇယာပေသိ ဇယေသိနံ၊ ဇယံ ဒေတု ဇုတ္တရော။


သစ္စာပန္နက်-အောင်ရှစ်ချက်ဂါထာတော် ရွတ်ဖတ်ရခြင်း၏အကျိုး

ဤဂါထာတော်သည် မြတ်စွာဘုရားရှင်၏ အောင်မြင်ခြင်းအကြောင်းကို အခြေခံ၍ “ဇယ-အောင်မြင်ခြင်း” ဟူသော စကားကို ရှစ်ကြိမ် ပါရှိအောင် ဆန်းဂိုဏ်းနှင့်ညီစွာ ရှေးပညာရှိတို့ ရေးဖွဲ့သီကုံးခဲ့သော ဂါထာ ဖြစ်ပါသည်။


ဤဂါထာကို နံနက်အိပ်ရာထ၌ ရှစ်ကြိမ်ရွတ်၍ ညအိပ်ရာဝင်ကာနီး၌ ရှစ်ကြိမ်ရွတ်ဖတ်ရန်ဖြစ်သည်။ ဤ ဂါထာကို ရွတ်ခြင်းဖြင့် လုပ်ငန်းဆောင်တာ အ၀၀အတွက် အောင်မြင်မူ အ၀၀ကို ရရှိစေနိုင်သည်။


ဤဂါထာကို အိပ်ရာဝင် အိပ်ရာထ၌ သာမကဘဲ မိမိ ကြိုက်နှစ်သက်ရာ အချိန်များ၌လည်း ရွတ်ဖတ်နိုင်ပါသည်။ အစဉ်အမြဲ နေ့ညမပြတ် ရွတ်ဖတ်လျှင် ပို၍ ကောင်းပါသည်။


မှတ်ချက်။ ။အထက်ဖော်ပြပါ သစ္စာပန္နက်-အောင်ရှစ်ချက်ဂါထာတော်ပါဠိကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။


http://tawthumalay.blogspot.com/2010/08/blog-post_9354.html

No comments:

Post a Comment