Tuesday, 12 October 2010

ပရိမိတ္တဇာလသုတ်တော်ဖြစ်စဉ် ပါဠိတော် အကျိုးသွား

ပရိမိတ္တဇာလသုတ်တော် ဖြစ်စဉ်
မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန် စံတော်မူပြီးနောက် ပထမသင်္ဂါယနာတင်ရန် အရှင်မဟာကဿပ ပထေရ်ကြီးက ရှင်အာနန္ဒာအား ဘုရားဟောခဲ့သမျှ သုတ်တော်များကို မေးရာ ရှင်အာနန္ဒာက ကြားသရွေ့-သိသရွေ့-မှတ်သရွှေ့ ပြန်လည် တင်ပြလျှောက်ထားရာတွင် ဤ ပရိမိတ္တဇာလသုတ်တော် ပါရှိလေသည်။

ရှင်တော်ဘုရား ရာဇဂြိုလ်ပြည်အနီး ဂိဇ္ဈကုဋ် တောင်ပေါ်တွင် စံပျော်နေခိုက် ၄င်း ဂိဇ္ဈကုဋ်တောင်ပေါ်မှာ နေသော လူကို ဖမ်းဆီး နှိပ်စက် ညှဉ်းပန်းတတ်သော နတ် နဂါး၊ နတ် ဂဠုန်၊ နတ်ညီလူးတို့၏ အကြီးအမှူး ၁၈-ယောက်တို့သည် ရှေးယခင်က လူကို ဖမ်းစားတတ်သော်လည်း မြတ်စွာဘုရားရှင် ဂိဇ္ဈကုဋ်တောင် တော်ပေါ်တွင် သီတင်းသုံးတော်မူသည့် အချိန်ကစ၍ သတ္တ၀ါတို့အား ညှဉ်းဆဲ ဖမ်းစားခြင်း မရှိကြောင်းကို ဘုရားရှင်က ရဟန်းတော်များအား ဟောကြားခဲ့သည်မှ စ၍ ပရိမိတ္တဇာလ သုတ်တော် ဖြစ်ပေါ်ရွတ်ဆို ပွားများခဲ့ကြပါသတည်း။

ပရိမိတ္တဇာလသုတ်ပါဠိ

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁။ ဧ၀ံ မေ သုတံ၊ ဧကံ သမယံ ဘဂ၀ါ ရာဇဂဟေ ၀ိဟရတိ ဂိဇ္ဈကူဋေ ပဗ္ဗတေ။

တေန ခေါ ပန သမယေန ကုမ္ဘဏ္ဍေန ယက္ခေန ဒေဝေန ယက္ခေန၊ ဣန္ဒေန ယက္ခေန၊ ဗြဟ္မေန ယက္ခေန၊ သုပဏ္ဏေန ယက္ခေန၊ နာဂေန ယက္ခေန၊ ဂန္ဓဗ္ဗေန ယက္ခေန၊ ပုဗ္ဗဒိသေန ယက္ခေန၊ အဂ္ဂိဒိသေန ယက္ခေန၊ ဒက္ခိဏဒိသေန ယက္ခေန၊ နရတိမဒိသေန ယက္ခေန၊ ပစ္ဆိမဒိသေန ယက္ခေန၊ ပါရပ္ပ ဒိသေန ယက္ခေန၊ ဥတ္တရဒိသေန ယက္ခေန၊ ဧသန္နဒိသေန ယက္ခေန၊ သမုဒ္ဒဒိသေန ယက္ခေန၊ အာကာသဒိသေန ယက္ခေန။ ဘူမဒိသေန ယက္ခေန။

၂။ အပ္ပမေယျော ဗုဒ္ဓေါ၊ အပ္ပမေယျော ဓမ္မော။ အပ္ပမေယျော သံဃော၊ ဘယဿနံ္တ မဟာမောဂ္ဂလ္လာနံ။

၃။ ယတ္ထ ယတ္ထ အပါဒကာ၊ ယတ္ထ ယတ္ထ ဒွေပါဒါ၊ ယတ္ထ ယတ္ထ စတုပ္ပာဒါ၊ ယတ္ထ ယတ္ထ ဗဟုပ္ပာဒါ၊ ပါဒအန္ဓံ ဦးရုအန္ဓံ စက္ခုအန္ဓံ မုခအန္ဓံ ဇိဝှာအန္ဓံ။

၎။ နမော ဗုဒ္ဒဿ၊ နမော ဓမ္မဿ၊ နမော သံဃဿ၊ သကလ လောကဓာတု မာတာ ပိတု ဗုဒ္ဓ ရက္ခနံ ကတံ။ သကလ လောကဓာတု မာတာ ပိတု ဓမ္မရက္ခနံ ကတံ။ သကလ လောကဓာတု မာတာ ပိတု သံဃ ရက္ခနံ ကတံ။ ရတ္တိံ ၀ါ ဒိဝံ ၀ါ သဒါ မံ ရက္ခန္ထု။

၅။ သဗ္ဗေ ဒေ၀တာယ ဣမဿ ပရိ မိတ္တဇာလဿ တေဇေန ဣမသ္မိံ အပ္ပာကဋံ သရိရေ ယေ ကေစိ ဥပဒ္ဒ၀ါ အာနုဘာဝေန တေဇေန ဣမသ္မိံ လောကော ဣမသ္မိံ ဇမ္ဗုဒီပေ ဣမသ္မိံ ပဗ္ဗတေ ဣမသ္မိံ နဂရေ ဣမသ္မိ ဂေဟေ သဗ္ဗသတြူ ၀ိနဿန္တု၊ သဗ္ဗေ ဥပဒ္ဒ၀ါ ၀ိနဿန္တူတိ။

ပရိမိတ္တဇာလသုတ္တံ နိဋ္ဌိတံ။

ပရိမိတ္တဇာလသုတ်တော် ရွတ်ဖတ်ရခြင်းအကျိုး
၎င်းသုတ်တော်ကို နေ့စဉ်မပြတ် ရွတ်ဖတ် ပွားများပါက မကောင်းဆိုးဝါး ဖမ်းစားခြင်း အန္တရာယ် မည်သည့်အခါမှ မငြိတွယ်ဘဲ ရောဂါကင်းရှင်း ကျန်းမာခြင်းနှင့် ပြည့်စုံရပေမည်။ တန်ခိုး ဣဒ္ဓိပါဒ် ရှိသော နဂါး၊ ဂဠုန် စောင့်ရှောက်ခြင်းကို ခံရမည် ဖြစ်ပေသည်။

အထက်ဖော်ပြပါ ပရိမိတ္တသုတ်ပါဠိတော်ကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။

ပါဠိဆရာကြီးဦးအောင်တင် ဗုဒ္ဓပရိတ်တော်နှင် အန္တရာယ်ကင်း ဂါထာပေါင်းချုပ် စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။

No comments:

Post a Comment