မြန်မာအမည် - သီဟိုဠ်သရက်
ရုက္ခဗေဒအမည် - ဆန္ဒကာဒီယမ် ဟေ့ဆီဒင်တယ်
အလွန်ဆိမ့်သော အရသာရှိသည်။ သီဟိုဠ် သရက်စေ့ အဆံကို အကြောင်းပြု၍ သီဟိုဠ်သရက်ကို လူသိများလာခြင်းဖြစ်သည်။
သီဟိုဠ်ပင်ကို မြန်မာနိုင်ငံ အောက်ပိုင်း ဂ၀ံကျောက်မြေ အညံစားများ၌ပင် ကောင်းစွာ ဖြစ်ထွန်းသည်ကို တွေ့ရှိရသည်။ အထူးသဖြင့် တနင်္သာရီတိုင်းနှင့် ရခိုင်ကမ်းရိုးတန်း ဒေသတို့တွင် ပိုမို ဖြစ်ထွန်းသည်။ တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်တွင် အလေ့ကျပေါက်၍ တောပင်ဖြစ်နေသည်ကို တွေ့ရှိရသည်။ ထားဝယ်ဘက်တွင် ရှစ်ကလစ်ပင်ဟု ခေါ်ကြသည်။ ပဲခူးနှင့် ဧရာဝတီတိုင်းတို့တွင်လည်း သီဟိုဠ်ပင်များ ပေါက်ရောက်သည်ကို တွေ့ရှိရသည်။ ကမ်းရိုးတန်းဒေသတွင် ပေါက်ရောက် ဖြစ်ထွန်းသည်ဟု ဆိုသော်လည်း ထိုအပင်များသည် အမြင့်ပေ ၃၀၀၀အထိရှိသော အရပ်ဒေသများတွင်လည်း ပေါက်ရောက်နိုင်သည်။ သို့သော် ထိုအပင်တို့သည် နှင်းပေါက်၊ နှင်းခဲ ဒဏ်ကို မခံနိုင်ကြချေ။
သီဟိုဠ် သရက်ပင်သည် သရက်မျိုးတွင် ပါဝင်၍ ဆန္ဒကာဒီယမ်အော့ ဆီဒင်တယ်ဟု ခေါ်သည်။ အနောက်တိုင်း သရက်ဟု ခေါ်ဆိုရပေမည်။ ထိုအပင်သည် အမြဲစိမ်းလန်း၍ အကိုင်းအခက် ဝေဆာသော အပင်မျိုး ဖြစ်ပြီှးလျှင် ပေ-၃၀ မှ ပေ-၄၀အထိမြင့် ပေသည်။ သီဟိုဠ်သရက်ပင်တို့သည် ရွက်လွှဲထွက်သည်။ အရှည် ၄-လက်မ မှ ၈-လက်မအထိရှိပြီးလျှင် ဗြက်အကျယ် ၃-လက်မ မှ ၅-လက်မ အထိ ရှိတတ်သည်။ အသီး အရောင်မှ အ၀ါဖျော့အရောင်နှင့် လိမ္မောရင့်ရောင် နှစ်မျိုးရှိသည်။ လိမ္မော်ရင့်ရောင်မှာ ပို၍ အရည်ရွှမ်းသည်။
သီဟိုဠ်သီးမှည့်မှ ညှစ်ယူရရှိသည့် အရည်ကို ၀ိုင်အရက်ချက်ရာ၌ သုံးစွဲကြသည်။ ထိုအရက်ကို အမေရိကတိုက် မိုရုံတစ် နိုင်ငံတွင် ဒူလာရောဂါ၊ မီးယပ်ရောဂါများအတွက် ကောင်းသည်ဟုဆို၍ ဖော်စပ် သုံးစွဲကြသည်။
မြန်မာဆေးကျမ်းများအရ သီဟိုဠ် သရက်သည် ချို၏။ ဖန်၏၊ ခံတွင်းရှင်စေ၏။ ကြေခဲ၏။ အေး၏။ အဆီမရှိ ချုပ်စေ၏။ ၀မ်းရောင်ခြင်း၊ လေနာခြင်းကို ဖြစ်စေကို ဖြစ်စေနိုင်၏။ သလိပ်။ သည်းခြေကို နိုင်သည်ဟု ဆိုပါသည်။ သို့သော်လည်း သီဟိုဠ်သရက် အသီးထက် အစေ့၊ အဆံကို ပို၍ တန်ဘိုးထား သုံးစွဲကြသည်။
No comments:
Post a Comment