Thursday, 21 October 2010

စက်ကြီး ၁၃-ပါး ဂါထာပါဠိ

စက်ကြီး ၁၃-ပါး ဂါထာပါဠိ

သြောင်း-တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက်။

တစ်ဆယ့်လေးချက် ဓမ္မစက်၊

တစ်ဆယ့်ရှစ်ချက် သံဃစက်။

လရောင်ဝင်းလျက် ရှင်ပစ္စေက ဗုဒ္ဓါ ရဟန္တာစက်။

မြင်းမိုရ်တောင်ဦး မြင့်ခေါင်ကျူးလျက် မိဘစက်။

ဂုဏ်ကျေးဇူး အထူးသိလျက် ဆရာ့စက်။

ဗြဟ္မစိုရ်လက်နက် ဗြဟ္မာ့စက်။

မိုးကြိုးလက်နက် သိကြားစက်။

လောင်မီးကျလျက် နတ်တို့စက်။

ဘွဲ့ဖြူလက်နက် ဘီလူးစက်။

တောင်ဟုန်ပြင်းလျက် ဂဠုန်မင်းစက်။

အာခံတွင်းက ၀င်းဝင်းတောက်လျက် နဂါးစက်။

သုံးထောင်သင်္ချာဟေ၀န္တာ အာဏာစိုးလျက် သီဟစက်။

စက်ကြီး တစ်ဆယ့်သုံးပါး၊ ရွတ်သံကြားက ဘေးများမြင်မူ၊

မကောင်းစုတို့၊ ဝေးကကြဉ်ရှောင်၊

အောင်စေတတ်သည်၊ မြတ်သည့်ဆရာ ပညာတည်း။

သြောင်း-နမော ဗုဒ္ဓါနုဘာဝေန

သြောင်း-နမော ဓမ္မာနုဘာဝေန

သြောင်း-နမော သံဃာ နုဘာဝေန

သြောင်း-ဒူရေ-ဒူရေ၊ သွား ဟုံ ဟုံ။


စက်ကြီး ၁၃-ပါး ဂါထာမန္တန်တော်ရွတ်ဆိုခြင်း၏ အကျိုး

စက်ကြီး (၁၃)ပါး ဂါထာမန္တန်တော်ကို နေ့စဉ် ရွတ်ဖတ်ခြင်းဖြင့် မိမိတို့အိမ်၌ ကျက်သရေ မင်္ဂလာ တိုးတက် ပွားများစေပါသည်။ ကျရောက်ဆဲ၊ ကျရောက်လတ္တံ့သော ဘေးအန္တရာယ်များလည်း ကင်းဝေးစေပါသည်။ ထို့ပြင် အမိအဘ၊ ဆရာသမားစသော ချစ်ခင်နှစ်သက်သူတို့နှင့် မကွဲမကွာ အတူတကွ နေထိုင်ရသော အကျိုးတို့ကိုလည်း ရရှိစေနိုင်ပါသည်။


ဤဂါထာ မန္တန်တော်ကို ကုန်းလမ်း၊ ရေလမ်း၊ လေယာဉ်ခရီးလမ်းတို့ သွားရာလာရာ၌ အထူးသတိပြုကာ တလေးတစားရွတ်ဆို ပွားများသင့်ပါသည်။ ယင်း ဂါထာ မန္တန်တော်ကို ရွတ်ဖတ် ပွားများသင့်ပါသည်။ ယင်း ဂါထာ မန္တန်တော်ကို ရွတ်ဖတ် ပွားများပြီးသောအခါ မိမိ ကိုယ်စောင့်နတ် အပါအ၀င် နတ်တို့အား အမျှပေးဝေပါ။ လမ်းခရီး၌ အန္တရာယ် တစ်စုံတစ်ခုကြုံလာသည့်တိုင် ၎င်းနတ်တို့က မိမိအား ကျေးဇူးတင်သောအားဖြင့် တုံ့ပြန်ကူညီကြပါလိမ့်မည်။ သူတော်ကောင်း နတ်ကောင်းမဆိုသည့် သဘောကို စဉ်းစား ဆင်ခြင်ရန် ဖြစ်ပါသည်။


မှတ်ချက်။ ။အထက်ဖော်ပြပါ စက်ကြီး ၁၃-ချက်ဂါထာမန္တန်တော်ပါဠိကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။


http://tawthumalay.blogspot.com/2010/08/blog-post_9354.html

No comments:

Post a Comment