Saturday, 30 October 2010

သပွတ်ပင်

မြန်မာအမည် - သပွတ်ပင်

ရုက္ခဗေဒ အမည် - လွတ်ဖား ဘီဂျစ်တီးကား

သပွတ်သည် ခ၀ဲ၊ သခွား၊ ပဲလင်းမြွေ၊ ဗူး၊ ဖရုံတို့၏ မျိုးရင်းဝင်ဖြစ်သည်။ မြန်မာနိုင်ငံ အပူပိုင်း ဒေသများတွင် ဖြစ်ထွန်းသည်။ အခြား ဒေသများတွင်လည်း စနစ်တကျ စိုက်ပျိုးဖြစ်ထွန်းကြသည်။ သပွတ်သည် နှစ်တိုပင် ဖြစ်သည်။ အရွက်သည် ရွက်လွှဲထွက်သည်။ အရင်းကား၍ အဖျား ရူးကာ ငါးထောင့်ချွန်ပုံသဏ္ဌာန်ရှိသော ထိုအရွက်များသည် အတန်ငယ် စိုက်၍ နူတ်ခမ်းသားတွင် ခွေးသားစိတ်ကလေးများ ပေါ်နေသည်။

သပွတ်သီးသည် အလျား ၅-လက်မ မှ ၁၂-လက်မခန့်အထိ ရှည်၍ တင်းပုတ်သဏ္ဌာန်ရှိသည်။ ခ၀ဲသီိးနှင့် ဆင်ဆင်တူသော်လည်း ခ၀ဲသီးကဲ့သို့ စောင်းများ မရှိပေ၊ အသီး၏ အတွင်းသားများမှ ဖြူဖွေးနေ၍ အသားပွပြီး အရည်ရွှမ်းသည်။ အစ့များသည် လက်မ၀က်ခန့် ရှည်၍ အတန်ငယ် ပြားပြီးလျှင် သေးငယ်သော ဘေးသားရှိသည်။

သပွတ်သီးကို ကြောက်ချက်ဖြစ်စေ၊ ကြော်၍ဖြစ်စေ၊ ဟင်းချိုနှင့် အတို့ အမြှုပ်အဖြစ် စားသုံးနိုင်သည်။ သပွတ်အညွှန့်များကို ဟင်းချိုနှင့် အတို့ အမြှုပ်အဖြစ် စားသုံးနိုင်သည်။

မြန်မာဆေးကျမ်းများအလိုအရ သပွတ်သိးသည် ချိုသည်။ အေးသည်။ လေသလိပ်ကို ပျက်စေသည်။ သည်းခြေကို နိုင်သည်။ ၀မ်းမိးကို တောက်စေသည်။ ချောင်းဆိုး၊ ပန်းနာ၊ ဖျားနာ၊ ပိုးနာတို့ကို နိုင်သည်ဟု ဆိုသည်။

No comments:

Post a Comment