Friday, 29 October 2010

ရေကညွတ်

မြန်မာအမည် - ရေကညွတ်

မွန်အမည် - SANAY CAMOOT

ရေထဲတွင် ပေါက်ရောက်သော အပင်မျိုး ဖြစ်သည်။ ပင်ပျော့ နွယ်ပင်မျိုး ဖြစ်ပြီး အဆစ်တွင် မုန့်လက်ဆောင်းဖတ်ကဲ့သို့ ဖော့ကလေးများ ပါရှိသည်။ ပင်စည်ပွ၍ အဆစ်မှ အညွှန့်ထွက်သည်။ အရွက်များ မျက်နှာချင်းဆိုင် အစုလိုက် ထွက်သည်။ တစ်စုံနှင့် တစ်စုံ ထောင့်မှန်ကျသည်။ အညွှန့်မှာ လိမ်ခွေ၍ ထပ်နေသည်။ အရွက်ထိပ် ဟိုက်သည်။ အင်းအိုင်စပ်နှင့် ရေထဲတွင် ပေါက်ရောက်သည်။ အညွှန့်ပိုင်းကို အစိမ်းလိုက် (သို့မဟုတ်) ချက်စားနိုင်သည်။ အရသာမှာ ချိုအေးသည်။ မြန်မာနိုင်ငံ အနှံ့အပြားတွင် တွေ့နိုင်သည်။ ရာသီမရွေး စားသုံးနိုင်သည်။ ကုန်းပိုင်း၌ ပေါက်သော ရေကညွတ်ကိုစားသော် သွေးအံ၊ သွေးကျရောဂါများ ပျောက်ကင်းစေသည်။

No comments:

Post a Comment