Wednesday, 20 October 2010

ဓာတ်ကြီး ၄-ပါး ဂါထာပါဠိတော် အကျိုးသွား

ဓာတ်ကြီး ၄-ပါး ဂါထာပါဠိ
စက္ခုမာစရ မာစိဏ္ဏော၊ ဓမ္မညူ ဓမ္မသာမိကော။
ဗလူပေတော ဗလဓရော၊ ၀ရဒေါ ဒေတု မေ ၀ရံ။

ဓာတ်ကြီး ၄-ပါး ဂါထာပါဠိရွတ်ဖတ်ခြင်း၏ အကျိုး

ဓာတ်ကြီးလေးပါး ဂါထာတော်ကို နေ့စဉ်ရွတ်ဖတ်ခြင်းဖြင့် ကိုယ်ခန္ဓာ၏ ကြံ့ခိုင်ကျန်းမာမူ-ရောဂါဘယ ကင်းဝေးမူနှင့် ကပ်ရောဂါများ၏ ဘေးမှ ကင်းဝေးစေနိုင်ပါသည်။ ကိုယ်ကျန်းမာမူ သာမက စိတ်လေလွင့်ခြင်း၊ ဦးခေါင်း မကြည်လင်ခြင်း၊ တွေဝေခြင်းတို့ကိုပင် ပျောက်ကင်းစေသော ဂါထာဖြစ်သည်။

အချို့က စမကြီး ၄-လုံး ဂါထာဟုခေါ်သည်။ ဂါထာ အစလုံးများကို ကောက်ယူလျှင် စ-ဓ-ဗ-၀ ဖြစ်သဖြင့် လောကီသိဒ္ဓိလမ်းတွင်သုံးသော အခြေခံစမကြီး ဖြစ်သဖြင့် အကျိုးကျေးဇူး များသော ဂါထာ ဖြစ်ပေသည်။

အထက်ဖော်ပြပါ ဓာတ်ကြီး ၄-ပါးဂါထာတော်ပါဠိတော်ကို ရွတ်ဖတ်ရန် အသံထွက်နှင့် စာလုံးပေါင်းများ အခက်ခဲရှိနေပါက အောက်တွင်ဖော်ပြထားသော လင့်ခ်လေးကနေ တစ်ဆင့် မိမိရှာဖွေလိုသောစာလုံး အက္ခရာစဉ်အလိုက် သွားရောက်ရှာဖွေ လေ့လာ ဖတ်ရူနိုင်ပါတယ်ရှင်။


ပါဠိဆရာကြီးဦးအောင်တင် ဗုဒ္ဓပရိတ်တော်နှင် အန္တရာယ်ကင်း ဂါထာပေါင်းချုပ် စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။

No comments:

Post a Comment