ဒန့်ကျွဲရွက်သုပ်
ပါဝင်သောပစ္စည်းများ -
ဒန့်ကျွဲရွက် = လက်သုံးဆုပ်
ပုစွန်ခြောက်မူန့် = အနည်းငယ်
ဆီ = ၅ကျပ်သား
သံပရာသီး = ၁လုံး
ကြက်သွန်နီ = ၅လုံး
ကြက်သွန်ဖြူ = ၂ဥ
ငံပြာရည် = အနည်းငယ်
ဟင်းခတ်မူန့် = အနည်းငယ်
ပြုလုပ်ပုံ -
- ဒန့်ကျွဲရွက်ကို ရေဆေး၍ ရေနွေးဖျောပါ။
- ကြက်သွန်နီ သုံးလုံးကို ပါးပါးလှီးထားပါ။
- ကြက်သွန်နီ နှစ်လုံးနှင့် ကြက်သွန်ဖြူနှစ်ဥကို ပါးပါးလှီး၍ ဆီချက်၊ ငံပြာရည်၊ ဟင်းခတ်မူန့် အနည်းငယ်စီထည့်၍ သုပ်ပါ။
- အချဉ်အတွက် သံပရာသီးညှစ်၍ ရောနယ်ပြီး သုပ်ပါ။
- အစပ်ကြိုက်သူများ ငရုတ်သီးစိမ်း ပါးပါးလှီး၍ သုံးဆောင်နိုင်ပါသည်။
မုန်လာဥသုပ်
ပါဝင်သောပစ္စည်းများ -
မုန်လာဥ (အဖြူ) နုနု = ၁စည်း
ရှာလကာရည် = အကြမ်းပန်ကန်တစ်လုံး
ဆီ = ၅ကျပ်သား
ကြက်သွန်နီ = ၅လုံး
နှမ်း = အနည်းငယ်
မြေပဲ (ထောင်းပြီး) = အနည်းငယ်
ပုစွန်ခြောက်မူန့် = အနည်းငယ်
ဟင်းခတ်မူန့် = အနည်းငယ်
ငံပြာရည် = အနည်းငယ်
နံနံပင် = အနည်းငယ်
ပြုလုပ်ပုံ -
- မုန်လာဥအဖြူကို အခွံနွှာပြီး ပါးပါးလှီးထားပါ။
- ထို့နောက် ရှာလကာရည်ဖြင့် ခဏစိမ်ထားပါ။
- ပြီးလျှင် ငရုတ်သီးစိမ်း၊ နံနံပင်၊ ကြက်သွန်နီနှစ်လုံးကို ပါးပါးလှီးထားပါ။
- ရှာလကာရည်စိမ်ထားသော မုန်လာဥကို စစ်ယူပြီး ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ နံနံပင်တို့ ထည့်ပါ။
- ပြီးလျှင် ဆီချက်၊ မြေပဲ၊ နှမ်း၊ ပုစွန်ခြောက်မူန့်၊ ဟင်းခတ်မူန့်တို့ကို ထည့်ပြီး ရောနယ်၍ သုပ်ပါ။
- သံပရာသီးညှစ်ထည့်ပြီး စားသုံးနိုင်ပါသည်။
ဆီးဖြူသီးထောင်းသုပ်
ပါဝင်သောပစ္စည်းများ -
ဆီဖြူသီး = ၁၀လုံး
ကြက်သွန်ဖြူ = ၁ဥ
ငရုတ်သီးစိမ်း = အနည်းငယ်
ဆား = အနည်းငယ်
ဟင်းခတ်မူန့် = အနည်းငယ်
ဆီိစိမ်း = အနည်းငယ်
ပြုလုပ်ပုံ -
- ဆီးဖြူသီးများကို ရေဆေးပြီး အစေ့ထုတ်ပါ။
- အစေ့ ထုတ်ထားသော ဆီးဖြူသီးများကို ငရုတ်ဆုံထဲထည့်၍ ထောင်းပါ။
- ကြက်သွန်ဖြူပါ ထည့်ထောင်းပါ။
- ငရုတ်သိးစိမ်း၊ ဆားနှင့် ဟင်းခတ်မူန့် အနည်းငယ်စီပါ ထည့်၍ ထောင်းပါ။
- ထို့နောက် အပေါ့ အငန်မြည်းပြီး ဆီစိမ်းဆမ်း၍ သုပ်စားပါ။ အလွန်ခံတွင်းတွေ့စေပါသည်။
မြူရွက်သုပ်
ပါဝင်သောပစ္စည်းများ -
မြူရွက် = ၅စည်း
ဆီ = ၅ကျပ်သား
နှမ်းလှော် = အနည်းငယ်
မြေပဲလှော်မူန့် = အနည်းငယ်
ပုစွန်ခြောက်မူန့် = အနည်းငယ်
ကြက်သွန်နီ = ၃လုံး
ဆား = အနည်းငယ်
ဟင်းခတ်မူန်က = အနည်းငယ်
ပြုလုပ်ပုံ -
- မြူရွက်များကို အရိုးသင်၍ သဲများခါပြီး ရေစင်အောင်ဆေးထားပါ။
- ရေဆူတူတါင် အဖုံးအုပ်၍ ပြုတ်ပါ။
- အရောင် မပျက်စေရန် သကြားအနည်းငယ် ထည့်ပြုတ်ပါ။
- မြူရွက်များနူးလျှင် ဆန်ခါတွင် ထည့်၍ ရေအေးနှင့် ဖွားဖွားပါအောင် ဆေးပြီး ရေစစ်ထားပါ။
- နှမ်းလှော်၊ မြေပဲလှောမူန့်၊ ပုစွန်ခြောက်မူန့်၊ ကြက်သွန်ကြော်တို့နှင့် မြူရွက်များ ရေညှစ်၍ ခပ်ကြမ်းကြမ်းလှီးပြီး ဆီ၊ ငံပြာ၇ည်၊ အချိုမူန့်တို့ကို ထည့်၍ ရောနယ်ပါ။
- အပေါ့အငန် မြည်းပြီး၊ ကြက်သွန်ကြော်အုပ်၍ သုံးဆောင်ပါ။
- အချဉ်ကြိုက်လျှင် သံပရာသီး ညှစ်ထည့်ပါ။
အညာကုက္ကိုရွက်သုပ်
ပါဝင်သောပစ္စည်းများ -
ကုက္ကိုရွက် = လက်တစ်ဆုပ်ခန့်
ဆီ = နှစ်ကျပ်ခွဲသား
ပုစွန်ခြောက်မူန့် = အနည်းငယ်
ကြက်သွန်နီ = ၂လုံး
မြေပဲ = အနည်းငယ်
နှမ်း = အနည်းငယ်
ဆား = အနည်းငယ်
ဟင်းခတ်မူန့် = အနည်းငယ်
ပြုလုပ်ပုံ -
- အညာကုက္ကိုရွက်ကို ရေစင်အောင် ဆေး၍ ရေနွေးဖျောပါ။
- ပြီးလျှင် ဆန်ခါနှင့် ရေစစ်ထားပြီး ပါးပါးလှီးပါ။
- ကြက်သွနနီကို ဆီချက် ချက်ပါ။
- လှီးထားသော ကုက္ကိုရွက်၊ ကြက်သွန်နီ၊ ဟင်းခတ်မူန့်၊ နှမ်း၊ ဆား၊ ပုစွန်ခြောက်မူန့်၊ မြေပဲတို့ကို ဆီချက်လောင်းပြီး အပေါ့အငန် လိုသလောက်ထည့်၍ သုံးဆောင်ပါ။
အညာမန်ကျည်းသီးစိမ်းသုပ်
ပါဝင်သောပစ္စည်းများ -
မန်ကျည်းသီးစိမ်းနုနု = ၁၀ကျပ်သား
ကြက်သွန်နီ = ၃လုံး
ငရုတ်သီးစိမ်း = အနည်းငယ်
မျှင်ငါးပိ = အနည်းငယ်
ဟင်းခတ်မူန့် = အနည်းငယ်
ဆ်ီ = အနည်းငယ်
ကြက်သွန်ဖြူ = ၁လုံး
ပြုလုပ်ပုံ -
- မန်ကျည်းသီးစိမ်းများကို ရေစင်အောင်ဆေးပြီး င၇ုတ်ဆုံထဲထည့်၍ ထောင်းပါ။ ကြက်သွန်ဖြူပါထည့်၍ ထောင်းပါ။
- မျှင်ငါးပိကို ကင်၍ ထည့်ထောင်းပါ။
- ဟင်းခတ်မူန့်ထည့်၊ ငရုတ်သိးစိမ်းထည့်၍ ဆက်ထောင်းပါ။
- ပြီးလျှင် ဆယ်ယူ၍ လှီးထားသော ကြက်သွန်နီ၊ ဆီစိမ်းတို့ဖြင့် ထည့်၍ သုပ်စားပါ။
အညာပုန်းရည်ကြီးသုပ်
ပါဝင်သောပစ္စည်း -
အညာပုန်းရည်ကြီး = ၁ထုပ်
ကြက်သွန်နီ = ၂လုံး
ကြက်သွန်ဖြူ = ၁လုံး
ဆီ = အနည်းငယ်
ဟင်းခတ်မူန့် = အနည်းငယ်
ဆား = အနည်းငယ်
ပြုလုပ်ပုံ -
- ကြက်သွန်နီ ပါးပါးလှီးထားပါ။ ကြက်သွန်ဖြူကိုလည်း အရှည်လိုက် ပါးပါးလှီးထားပါ။
- ပြီးလျှင် သုပ်စားမည်ပန်ကန်ထဲသို့ ပုန်းရည်ကြိးများထည့်ပါ။
- ထိုအထဲသို့ ကြက်သွနနီနှင့် ကြက်သွန်ဖြူတို့ကို ထည့်၊ ဟင်းခတ်မူန့်၊ ဆီစိမ်းနှင့် ဆားတို့ကို ထည့်နယ်၍ သုပ်စားပါ။
ဗယာကြော်သုပ်
ပါဝင်သောပစ္စည်းများ -
ကုလားပဲခြမ်း = ၁၀ကျပ်သား
ကြက်သွန်နီ = ၅လုံး
ဂေါ်ဖီ = တစ်စိတ်
မန်ကျည်းသီး = အနည်းငယ်
ဟင်းခတ်မူန့် = အနည်းငယ်
ငံပြာရည် (သို့ ) ဆား = အနည်းငယ်
ငရုတ်သီးစိမ်း = အနည်းငယ်
ဆီ = ၁၀ကျပ်သား
နံနံပင် = အနည်းငယ်
ပြုလုပ်ပုံ -
- ကုလားပဲကို သုံးနာရီလောက် ရေစိမ်ထားပါ။
- ပြီးလျှင် ငရုတ် ဆုံထဲထည့်၍ မညက်တညက်ထောင်းပါ။
- ထို့နောက် ထောင်းပြီးသား ကုလားပဲများကို ကြက်သွန်နီ ပါးပါးလှိးထည့်၊ ငရုတ်သီးစိမ်း လှီးထည့်၊ ဟင်းခတ်မူန့်၊ ဆားတို့ဖြင့် နယ်ပြီး ဗယာကြော်ပါ။
- ကြော်ပြီးသား ဗယာကြော်များကို သုပ်ရန် ပန်ကန်ထဲထည့်၊ လေးစိတ်လောက်ချေပြီး လှီးထားသော ကြက်သွန်နီ၊ ဂေါ်ဖီ၊ မန်ကျည်းရည်၊ ဟင်းခတ်မူန့်၊ ဆားနှင့် ဆီချက်တို့ထည့်၍ သုပ်စားပါ။
- နံနံပင် အပေါ်မှလှီး၍ အုပ်ပါ။
ဘူးသီးကြော်သုပ်
ပါဝင်သောပစ္စည်းများ -
ဘူးသီးနုနု = တစ်စိတ်
ကြက်သွန်နီ = ၂လုံး
ဟင်းခတ်မူန့် = အနည်းငယ်
မန်ကျည်းသီး = အနည်းငယ်
ငံပြာရည် (သို့) ဆား = အနည်းငယ်
ငရုတ်သီးစိမ်း = အနည်းငယ်
နံနံပင် = အနည်းငယ်
ဆီ = ၁၀ကျပ်သား
မုန့်နှစ် = အနည်းငယ်
ပြုလုပ်ပုံ -
- ဘူးသီးများကို အမြှောင်းသေးသေးရှည်ရှည် လှီးဖြတ်ပါ။
- ပြီးလျှင် မုန့်နှစ်တွင်ထည့်၍ ကြော်ပါ။
- ကြော်ပြီး ဘူးသီးကြော်များကို လှီးထားသော ကြက်သွန်နီ၊ ဟင်းခတ်မူန့်၊ ငံပြာရည်၊ မန်ကျည်းရည်၊ ငရုတ်သီးစိမ်း၊ တို့ဖြင့် ရောနယ်၍ ဖွဖွသုပ်ပါ။
- အပေါ်မှ နံနံပင်အုပ်၍ သုံးဆောင်ပါ။
သနပ်စုံသုပ်
ပါဝင်သောပစ္စည်းများ
ကန်စွန်းရွက်အညွန့်နု = ၁၀ညွှန့်
ဇရစ်အညွန့်နု = ၁၀ညွှန့်
မျှစ် = အနည်းငယ်
ချဉ်ပေါင်ရွက် = အနည်းငယ်
ဂေါ်ဖီထုပ် = အနည်းငယ်
ပန်းဂေါ်ဖီ = အနည်းငယ်
ပဲတောင့်ရှည် = အနည်းငယ်
ရုံးပတီသီး = အနည်းငယ်
ကြက်သွန်နီ = အနည်းငယ်
ဆား = အနည်းငယ်
ဟင်းခတ်မူန့် = အနည်းငယ်
နှမ်း = ၅ကျပ်သား
ဆီ = ၅ကျပ်သား
သံပရာသီး = ၁လုံး
ပြုလုပ်ပုံ -
- ကန်စွန်းရွက်နှင့် ဇရစ်ရိုးများကို မန်ကျည်းမှည့်ဖြင့်ပြုတ်ပါ။
- မျှစ်ကို ပြုတ်၍ မကြေ့တကြေထောင်းထားပါ။
- ချဉ်ပေါင်ရွက်ကို ရေနွေးဖျောပြီး ဆန်ခါဖြင့် စစ်ထားပါ။
- ဂေါ်ဖီထုပ်ကို ပါးပါးလှီး၊ ပန်းဂေါ်ဖီအပွင့်သေးသေးခြွေ၊ ပဲတောင့်ရှည်ကို စွေစွေလေးနဲ့ ပါးပါးလှီးဖြတ်ပါ။
- ပဲစောင်းလျားသီးတွေကိုလည်း စွေစွေလေး လှီးထားပါ။ ရုံးပတီသီးကိုလည်း ရေနွေးဖျောပြီး သေးသေးလှိးပါ။
- ထို့နောက် ဂေါ်ဖီထုတ်၊ ပန်းဂေါ်ဖီ၊ ပဲတောင့်ရှည်တို့ကို ရေဖြင့်ပြုတ်၍ ဆန်ခါဖြင့် စစ်ထားပါ။
- ပြီးလျှင် အသင့်ပြင်ထားသော အရာအားလုံးကို သုပ်မည့် ဇလုံထဲသို့ ထည့်၍ ဆား၊ ဟင်ခတ်မူန့်၊ ဆီချက်၊ သံပရာသီးတို့ထည့်နယ်၍ သုပ်ပါ။
- ပြီးလျှင် အပေါ်မှ နှမ်းဖြူး၍ သုံးဆောင်ပါ။
- သတ်သတ်လွတ်အတွက် အလွန်ကောင်းသော အသုပ်တစ်မျိုး ဖြစ်ပါသည်။
အာလူးသုပ်
ပါဝင်သောပစ္စည်းများ -
အာလူး = ၂၀ကျပ်သား
ကြက်သွန်နီ = ၄လုံး
ပုစွန်ခြောက်မူန့် = အနည်းငယ်
ဟင်းခတ်မူန့် = အနည်းငယ်
ဆီ = အနည်းငယ်
ပဲမူန့် (အကျက်) = အနည်းငယ်
ငံပြာရည် (သို့) ဆား = အနည်းငယ်
ပြုလုပ်ပုံ -
- အာလူးကို ရေဖြင့်ပြုတ်ပါ။ ပြီးလျှင် ရေစစ်ထားပါ။ အပေါ်ယံအခွံခြောက်လျှင် အခွံနွာပါ။ သို့မှသာ နွှာ၍ ကောင်းပါသည်။
- ကြက်သွန်နီကို ပါးပါးလှီးထားပါ။
- ထို့နောက် အာလူးကိုလည်း အတုံးသေးသေးလှီးထားပါ။
- အာလူး၊ ကြက်သွနနီ၊ ပုစွန်ခြောက်မူန့်၊ ဟင်းခတ်မူန့်၊ ပဲမူန့်နှင့် ဆီချက်တို့ကိုရော၍ သုပ်စားပါ။ ငရုတ်သီးမူန့်ထည့်၍ သုပ်နိုင်ပါသည်။
No comments:
Post a Comment