Friday, 12 November 2010

“မိဘကျေးဇူး”

Photobucket


အသားရေ၊ ဖြူဝင်းလို့

ရုပ်အဆင်း၊ လှသူပါ။


ပုလဲသွယ်၊ စီခြယ်ထားသလိုပ

သွားလေးက၊ ညီညီညာ

ယဉ်ကျေး၊ ပျူငှာ

ပညာရည်၊ ချွန်ထူး။


လူတစ်လုံး၊ သူတစ်လုံး

ထွန်းတောက်ကာ၊ ဘုန်းရှိန်မြင့်စေဖို့

အချိန်မှန်၊ စာကိုကျက်ကာဖြင့်

အိပ်စက်မှန်၊ အစာမျှစေကွယ့်

လေးထားကာ၊ ဂရုစိုက်တဲ့ပြင်

လူမိုက်ရှောင်၊ လိမ္မာကြောင်းကိုတဲ့

ဆိုးကောင်းယှဉ်၊ လမ်းညွှန်ပြတာကြောင့်

သမီးတို့၊ လူရာဝင်လို့

ဘ၀တွင်၊ အနေမြင့်ရတယ်

မိဘကျေးဇူး။

No comments:

Post a Comment