Wednesday, 10 November 2010

အသုံးတည့်စေမယ့် နည်းလမ်းကောင်းလေးတစ်ချို့

ဖန်ကွဲစသိမ်းဆည်းနည်းလမ်းညွှန်

အိမ်မှာဖန်ခွက်တစ်ခွက် မတော်တဆ လွတ်ကျကွဲခဲ့ရင် ဖန်ကွဲစလေးတွေ နေရာအနှံ့အပြားကို ပြန့်ကျဲသွားစမြဲပါ။ မျက်စိနဲ့ မမြင်နိုင်လောက်အောင် သေးငယ်တဲ့ အကွဲစလေးများရှိနေခဲ့ရင် ကလေးငယ်များ။ အိမ်မွေးတိရစ္ဆာန်များ အတွက်စိုးရိမ်ဖွယ်ရာပါပဲ။ ဒါကြောင့် ဖန်ကွဲစအားလုံး ကုန်စင်သွားအောင် ကောက်ယူနိုင်ဖို့ လိုအပ်ပါတယ်။ ဂွမ်းစကြီးကြီးကို တစ်စကိုရေစွတ်ပါ။ စိုစွတ်တဲ့ဂွမ်းစကို ကြမ်းပြင်အနှံ့ညင်သာစွာ ဖိကပ်ပြီးဖန်ကွဲစများကို ကောက်ယူပါ။ ဒါဆိုရင် သင့်ရဲ့လက်ကိုလည်း ဒဏ်ရာမဖြစ်စေဘဲ ဖန်ကွဲစအားလုံးကိုလည်း ကုန်စင်သွားအောင် မြန်မြန်ဆန်ဆန် ရှင်းလင်းနိုင်မှာပါ။


ဆေးဖက်ဝင်တဲ့ရှောက်ရည်

သင်သိပါသလား။ ရှောက်သီးကရရှိတဲ့ အရည်ဟာဝမ်းချုပ်ခြင်းကို သက်သားစေပြီး အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို မြင့်တက်ကောင်းမွန်စေရုံသာမက သန့်စင်တဲ့ သွေးစီးဆင်းကိုလည်း ဖြစ်ပေါ်စေတတ်ပါတယ်။ ရှာဖွေဝယ်ယူရ လွယ်ကူတာမို့ ငွေကြေးကုန်ကျသက်သာတဲ့ ဆေးဖက်ဝင်အသီးဖြစ်ပါတယ်။ ဒါကြောင့် သင်ရေတစ်ဖန်ခွက် သောက်တိုင်း လတ်ဆတ်တဲ့ရှောက်ရည် လက်ဖက်ဇွန်း (၂)ဇွန်း ခန့်ကိုရော သောက်သုံးပေးမယ်ဆိုရင် ဆေးဖက်ဝင် အာနိသင်ကို တစ်ပါတည်းရနိုင်မှာ အသေအချာပဲပေါ့။


လွယ်ကူတဲ့သံရိုက်နည်း

တစ်ခါတစ်ရံ အိမ်မှာအသေးစား ပြင်ဆင်မှုလေးတွေ လုပ်တဲ့အခါမှာ သံရိုက်ဖို့ လိုအပ်လာတဲ့ အခါမျိုးရှိတတ်ပါတယ်။ အောက်ခံသစ်သားက မာကျောလွန်းတဲ့ အခါမျိုးမှာ သံရိုက်ရတာ အဆင်မပြေ ဖြစ်တတ်ပါတယ်။ဒါကြောင့်လွယ်ကူတဲံနည်းလမ်းကိုပြောပြပါမယ်။ အသုံးပြုမယ့် သံချောင်းကို ဆပ်ပြာဒါမှမဟုတ် ဖယောင်းနဲ့ ပွတ်တိုက်ပြီးမှ ရိုက်သွင်းမယ်ဆိုရင်တော့ မာကျောတဲ့ သစ်သားထဲကို အလွယ်တကူ ထိုးဖောက်ဝင်ရောက်နိုင်တယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။


ကန်စွန်းဥရဲ့နုပျိုစေတဲ့အစွမ်း

ငယ်ရွယ်နုပျိုတဲ့ အသားအရေကို ပိုင်ဆိုင်လိုပါသလား။ ဒါဆိုရင်တော့ သင့်ရဲ့ ဈေးဝယ်စာရင်းထဲမှာ ကန်စွန်းဥကို ထည့်သွင်းဝယ်ယူသင့်ပါတယ်။ သုတေသနတွေ့ ရှိချက်များအရ ကန်စွန်းဥဟာ ဗီတာမင်အေ ရရှိနိုင်တဲ့ အကောင်းဆုံး အစားအစာဖြစ်ကြောင်း သိရပါတယ်။ ဒါပြင် free radial များ ကို တိုက်ဖျက်ပေးပြီး ချောမွေ့နုနယ်တဲ့အသားအရေ ကိုပိုင်ဆိုင်နိုင်တယ်လို့လဲ သိရတာမို့ အမြန်ဆုံး ဝယ်လိုက်ကြရအောင်နော်။


ပြည့်အင့်စွာစားသုံးခြင်းရဲ့ဆိုကျိုး

အရမ်းပြည့်အင့်တဲ့အထိ စားသုံးခြင်းမအီမသာဖြစ်စေပြီး အချိန်ကြာမြင့်စွာ အစာခြေရပါတယ်။ အစာခြေချိန် ကြာမြင့်လွန်းတဲ့အခါဦးနှောက်နဲ့ ကြွက်သားတွေ ဆီသွေးရောက်ရှိမှုနှုန်း ကျဆင်းစေပါတယ်။ ဒါကြောင့်နည်းနည်းစီနဲ့အကြိမ်များများစားပေးပါ။တစ်နေ့ကို (၅)ကြိမ်မှ(၆) ကြိမ် အနည်းငယ်ဆီ စားပေးခြင်းအားဖြင့် လန်းဆန်းကြည်လင်တဲ့ စိတ်အခြေအနေကို အမြဲရရှိနိုင် ပါလိမ့်မယ်။


စိတ်ကိုထိုင်မှိုင်းစေတတ်တဲ့အစားအစာများ

သင့်အနေနဲ့ ရွှင်လန်းတက်ကြွတဲ့စိတ်အစဉ် ကိုပိုင်ဆိုင်ချင်ရင်တော့ အောက်ပါ ကယ်လိုရီများတဲ့ အစားအစာများကို ရှောင်ကြည်ဖို့လိုပါမယ်။
-ဝက်ပေါင်ခြောက်နဲ့ ဆီကြော်မှုန့်စတဲ့ အဆီများလွန်းတဲ့ အစာများဟာ အစာကြေဖို့ ခက်ခဲကြာရှည်ပါတယ်။ ဒါပြင်ဦးနှောက်ဆီကသွေးများ ကိုအစာအိမ် သို့လွှဲပြောင်း စီးဆင်း စေရတဲ့အတွက် သင့်ကိုစိတ်ရှုပ်ထွေး လေးလံစေနိုင်ပါတယ်။

-ကဖင်းဓာတ်လွန်ကဲခြင်းက သင့်ကိုမအီမသာဖြစ်စေပြီး အယ်လ်ကိုဟော အလွန်အကျွံ သောက်သုံးခြင်းက ကင်ဆာနဲ့ နှလုံးရောဂါ ဖြစ်နိုင်ခြေကို တိုးမြှင့်စေပါတယ်။ ဒါပြင် အိပ်စက်ခြင်းကိုပါ ထိခိုက်စေနိုင်ပြီး အားအင်ကုန်ခန်းခြင်း။ စိတ်ညစ်ညူးခြင်းတို့ကိုဖြစ်ပေါ်စေတတ်ပါတယ်။

No comments:

Post a Comment