Monday, 22 November 2010

“နှလုံးသား”



အဖေ့ကိုယ်ပွား၊ နှလုံးသားဖြင့်

ကြုံသည့်လောကဓံ၊ ကြံ့ကြံ့ခံ၍

အားမာန်ကိုမွေး၊ လုပ်အားချွေးနှင့်

ဘ၀တွက်ပေးဆပ် ကြည်ဖြူခဲ့ပါသည်။


အမေ့ကိုယ်ပွား၊ နှလုံးသားဖြင့်

ခံစားအသိ၊ စံထားမိခဲ့

ပွားသည့်မေတ္တာ၊ စေတနာနှင့်

သစ္စာရောင်ထိန်၊ လောကအိမ်မှာ

စိန်အလက်နှယ်၊ ချိန်စက် ကြည်ဖြူခဲ့ပါသည်။


မိရိပ် ဖရိပ်၊ ဘ၀ရိပ်တွင်

ချွေးသိပ်ခိုလူံ၊ သမီးပြည့်စုံရန်

ပုံပြင်ပျိုးချ၊ မျိုးစေ့ပြ၍

ဘ၀မအို၊ စဉ်ရွန်းစိုရန်

နုပျိုရွင်ပျ၊ လောကလှရန်။


ရှင်သန်ရည်စူး၊ ပန်းတွေဖူးလို့

သီကြူးမ၀၊ နမ်းမ၀ပါ

ပန်းလှမွှေးမွှေး၊ ရပ်နှံ့ဖွေး။


အနန္တမေတ္တာရှင်များ

အဖေနှင့် အမေ

ချစ်သမီးကို ချိန်မနှောင်း

ကျောင်းတော်သို့စေ။


ဝလုံးလေး ၀ိုင်းသလေး

ချစ်သမီးရေ မှတ်လို့ထား

ကြယ်ပေါင်းစုံ ၀န်းရံခ

ဖိုးရွှေလ အလား။


အဖေနှင့် အမေ

ချစ်သမီးကို စာသင်ပြ

“က”လို့ ဆိုစေ

“က”ကို ရေးသလေ

ချစ်သမီးရေ သည်မှာကြည့်

မွေးသည့်မေ လက်ကိုမ

က ပြပါ၏။


အခြေခံမူများနှင့်

ချစ်သမီးကို စာသင်

ကြီးလျှင် လူတစ်လုံးကို

ပြုံး၍ မြင်ချင်။


မွေးမေ ကျွေးဖေ မြတ်ဂုဏ်အင်

ပုံတင်ကာ ယှဉ်နိုင်း

လေးသစ္စာ ဟောဖော်ပြပါတဲ့

တရားရှင် မြတ်ဗုဒ္ဓရယ်နှင့်

(ကွယ်) တုက မရိုင်း။

No comments:

Post a Comment